အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဝင်ငွေနည်းပါးသည့်မိသားစုများအတွက် နေအိမ်များဆောက်လုပ်ရန်နှင့် စစ်ပြန်များအတွက် အိမ်ခြံမြေချေးငွေချထားပေးရန်အတွက် ကန်ဒေါ်လာ ၄ ဘီလီယံသုံးစွဲသွားရန် ဆုံးဖြတ်လိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဆုံးဖြတ်ချက်ကို ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းနှင့် လွှတ်တော်အမတ်များအကြား
သဘောတူလိုက်ကြခြင်း ဖြစ်သည်။
“ဒီသဘောတူညီချက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်သားတွေ၊ စစ်ပြန်တွေအတွက် တန်ဖိုးနည်းအိမ်ယာရှာဖွေနိုင်ရေးအတွက် အကူအညီပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်ဥက္ကဌ အန်သိုနီ ရန်ဒန်က ပြောကြားသည်။
မူလက ဝင်ငွေနည်းပါးသော မိသားစုများအတွက် နေအိမ်သစ်များ ဆောက်လုပ်ရာတွင် အထောက်အကူပေးရန် ကန်ဒေါ်လာ ၃ ဘီလီယံ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော သြဂုတ်လ ၂၈ ရက်ကမူ စစ်ပြန်များနေအိမ်ဝယ်ယူရေးအတွက် ထောက်ပံ့ကူညီနိုင်ရန် ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံဖြည့်တင်းလိုက်ခြင်း ဖြစ်သည်။
ယခုခြေလှမ်းအပြင် လာမည့် ၂၀၁၈ ခုနှစ်အတွင်း ရေနှင့်ပန်းဥယျာဉ်အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးရေး
အတွက် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် အန်သိုနီရန်ဒန်နှင့် အထက်လွှတ်တော်ဥက္ကဌ ပရိုတမ် ကီဗင်ဒီလီယွန်အတို့အကြား ဆွေးနွေးလျက်ရှိကြသည်။
ကန်ဒေါ်လာ ၄ ဘီလီယံသုံးမည့်ကိစ္စကို လွှတ်တော်နှစ်ရပ်လုံး၏ အမတ် သုံးပုံနှစ်ပုံက အတည်ပြုရန် လိုအပ်သေးပြီး ယခုနှစ်အတွင်း နောက်ဆုံးအတည်ပြုရမည့် ရက်စွဲမှာ စက်တင်ဘာလ ၁၅ ရက်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)