နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသည့် ငွေလဲကောင်တာများကို နိုင်ငံတစ်ဝန်းလုံးတွင် ၁၃၄၅ ခု ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသည့် ငွေလဲကောင်တာများကို နိုင်ငံတစ်ဝန်းလုံးတွင် ၁၃၄၅ ခု ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
30 Aug 2017 10:53 am တွင် တင်ခဲ့သည်
1373 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုး မြင့်မားလာစေ ရေးနှင့် ပြည်တွင်း၌ အမေရိကန်ဒေါ်လာကို ကျယ်ပြန့်စွာ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် Dollarization မဖြစ်စေရေးကို အဓိကရည်ရွယ်၍ နိုင်ငံခြားငွေဝယ်ယူရောင်းချ လဲလှယ်ပေးသည့် ငွေလဲကောင်တာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ဇူလိုင်လ ၇ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် ငွေလဲကောင်တာ ၁၃၄၅ ခု ဖွင့်လှစ် ခွင့်ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၅ဝ)ရက်မြောက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၏ မြန်မာ့ငွေကြေးအားကောင်းလာစေရန် နယ်စပ်မြို့များ ဖြစ်ကြသည့် မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ တမူး စသည့် နယ်စပ်မြို့များတွင် တစ်ဖက်နိုင်ငံသုံး ငွေကြေးအစား မြန်မာကျပ်ငွေ သုံးစွဲရေး ဗဟိုဘဏ်မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က အထက်ပါအတိုင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌက ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ထိုင်းနိုင်ငံနှင့် နယ်မြေဆက်စပ်လျက်ရှိသော ဒေသများ၌ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်အမှတ် (၆/၂ဝဝဝ)အရ ပို့ကုန်/သွင်းကုန် လုပ်ငန်းများကို မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်သည်လည်း မြန်မာ-ထိုင်းနယ်စပ် ဒေသရှိ ဘဏ်ခွဲများ၌ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ငွေပေးချေမှုအဆင်ပြေ စေရန်အတွက် မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေစာရင်းများကို ဖွင့်လှစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း။

ထိုင်းနိုင်ငံနှင့် နယ်မြေဆက်စပ်လျက်ရှိသော ဒေသများတွင်သာမက ပြည်တွင်းရှိ အခြားဒေသများတွင်လည်း ထိုင်းဘတ်ငွေသုံးစွဲမှုလျော့ကျစေရေးအတွက် ထိုင်းနိုင်ငံသုံးဘတ်ငွေကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသည့် ငွေလဲကောင်တာများတွင် ကျပ်ငွေဖြင့်လဲလှယ်ပြီး သုံးစွဲနိုင်ရန် ခွင့်ပြုထားပြီးဖြစ်၍ ဘတ်ငွေအား ပြည်တွင်း၌ သုံးစွဲပါက အရေးယူဆောင်ရွက်သည့် အမိန့်များ ထုတ်ပြန်၍ ပြည်တွင်း၌ ဘတ်ငွေသုံးစွဲပါက အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ် ဒေသများရှိ ငွေလဲကောင်တာများတွင် ယွမ်မင်ဘီနှင့် ရူပီးတို့အား ငွေလဲ ကောင်တာများတွင် တရားဝင်ဝယ်ယူရောင်းချလဲလှယ်ခွင့်ပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုးမြင့်မားလာ စေရေးနှင့် မြန်မာကျပ်ငွေဖြင့်သာ ပေးချေရေးကိစ္စအပေါ် အရေးယူဆောင် ရွက်မည့် အစီအစဉ်များချမှတ်၍ ပြည်သူလူထုသို့ ကြိုတင်အသိပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိနှင့်ဆက်စပ်လျက်ရှိသော လုပ်ငန်းများအား အရေးယူဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က မိမိတို့ဒေသအတွင်း အရေးယူဆောင်ရွက်ခြင်းစသည့် ပူးပေါင်းဆောင်ရွက် ခြင်းတို့အား လုပ်ဆောင်နိုင်ရန် စီမံထားရှိပါကြောင်း ဖြေကြားသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service