ထိုင်းနိုင်ငံရဲ့ ဦးဆောင် အာမခံလုပ်ငန်း ကုမ္ပဏီဖြစ်တဲ့
Bangkok Insurance (BKI) က အလားအလာကောင်းတွေအများကြီးရှိနေ
တဲ့ အရှေ့တောင်အာရှဈေးကွက်တွေ (အထူးသဖြင့် မြန်မာနိုင်ငံ)
မှာ ယင်းရဲ့လုပ်ငန်းတွေကို တိုးချဲ့ဖြန့်ကျက်လုပ်ကိုင်ဖို့ ဆန္ဒရှိနေပြီး
လုပ်ကိုင်နိုင်မယ့် အခွင့်အရေးရဖို့အတွက်ကိုလည်း စောင့်ဆိုင်း
နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း မကြာမီကာလအတွင်း နိုင်ငံခြားကုမ္ပဏီ
တွေအတွက် အာမခံလုပ်ငန်းလိုင်စင်တွေထုတ်ပေးတာနဲ့တစ်ပြိုင်နက်
နိုင်ငံမှာဝင်ရောက်လုပ်ငန်းလုပ်ကိုင်ဖို့ လေ့လာဆောင်ရွက်နေပြီ
ဖြစ်ကြောင်း BKI ကုမ္ပဏီက ပြောသွားပါတယ်။
မကြာသေးတဲ့ ကာလတစ်ခုအတွင်းမှာတော့ မြန်မာအစိုးရအနေနဲ့
အာမခံလုပ်ငန်းလိုင်စင်တွေကို ပြည်တွင်းကလုပ်ငန်းတွေကိုသာပဲ
ချထားပေးသေးတာဖြစ်တယ်လို့ BKI ရဲ့ ဥက္ကဌ Chai Sophonpanich
က ထုတ်ဖော်ပြောဆိုသွားပါတယ်။
အကယ်၍များ မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ဖြစ်လာမယ်
ဆိုရင် BKI အနေနဲ့ ပြည်တွင်းက လုပ်ငန်းပါ့တနာတွေနဲ့ လက်တွဲ
ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ မျှော်လင့်ထားတယ်ဆိုပြီးတော့လည်း ၎င်းက
ထပ်လောင်းပြောသွားပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်ရာလုပ်ငန်းစည်းကြပ်သူတွေအနေနဲ့
လာမယ့်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အာမခံလုပ်ငန်း
လိုင်စင်တွေ ခွင့်ပြုပေးသွားမယ်လို့လည်းမျှော်လင့်ရပါတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံမှာ ပြည်တွင်းအာမခံလုပ်ငန်းကုမ္ပဏီ
ရှစ်ခု ရှိနေတယ်လို့လည်း သိရပါတယ်။
" ကျွန်တော်တို့ကတော့ လုပ်ငန်းလုပ်ကိုင်ဖို့ စည်းမျဉ်းခွင့်ပြုချက်တွေ
ရမယ့်အချိန်ကို စောင့်နေပါတယ်" လို့ Mr Chai က ပြောသွားပါတယ်။
http://www.bangkokpost.com/business/news/1314099/
Credit: SFJ Strategy First J