ပေကျင်းမြို့၌ ၂၀၁၇ခုနှစ်အတွင်း ပန်းခြံအသစ် ၁၅ခု ထပ်မံတည်ဆောက် သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
ယင်းပန်းခြံများတည်ဆောက်ပြီးစီးပါက ပေကျင်းမြို့၌နေထိုင်သူ ၇၇ ရာခိုင်နှု န်းသည် ၎င်းတို့၏ နေအိမ်မှ ၅၀၀မီတာ အကွာအတွင်း၌ ပန်းခြံတစ်ခုစီ ရှိ လာမည်ဖြစ်ကြောင်း မြေယာ နှင့် သစ်တော စည်ပင်သာယာရေးဗျူရို က ပြောကြားခဲ့သည်။မြို့တော် တည်ဆောက်ပုံအစီအစဉ်အရ ၂၀၂၀ခုနှစ် တွင် အလားတူခံစားခွင့်အား ပေကျင်းမြို့နေသူ ၈၀ရာခိုင်နှုန်း ရရှိရန်ေ ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်းမြို့တွင် နွေရာသီနန်းတော် နှင့် ထျန်းထန်ပန်းခြံ (ကောင်းကင် ဘုံကျောင်းတော်) အပါအဝင် မှတ်ပုံတင်ထားသည့် ပန်းခြံပေါင်း ၄၀၃ခုရှိပြီး ၎င်းတို့အနက် ၃၆၃ခုမှာ မြို့ပြဒေသတွင်တည်ရှိကာ မြေဟက်တာစုစုပေါင်း ၁၃,၈၀၀ ဟက်တာကို လွှမ်းခြုံထားကြောင်း ဗျူရိုမှတာဝန်ရှိသူတစ်ဦြး ဖစ်သည့် လျိုလီလီ ကပြောကြားခဲ့သည်။လျိုက ပေကျင်းမြို့ရှိ ပန်းခြံများသို့ တစ်နှစ်လျှင် လာရောက်လည်ပတ်သူ သန်း ၃၀၀နီးပါးရှိပြီး မြို့ပြပန်းခြံ ၈၈ရာခိုင်နှုန်းကျော်သို့ အများပြည်သူများ အခမဲ့ဝင်ရောက်နိုင်ကြောင်း ပြော ကားခဲ့သည်။
Crdit: Xinhua Myanmar