Young Developer Holding Limited နှင့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) တို့မှ ပူးပေါင်း၍ဝါကျွတ်အမှီကွန်ဒိုအထူးအရောင်းပြပွဲတစ်ရပ်
ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက် နှင့် ၃ ရက် နေ့များတွင် ရန်ကုန်မြို့  ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ် (Novotel Hotel, Pathein Ballroom) ၌ ကျင်းပမည် ဖြစ်သည်။ အိမ်ခြံမြေလောက၏ နာမည်ကြီးဝဘ်ဆိုက်ဖြစ်သော (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ စီစဉ်ပြီး ပြပွဲ (၂) ရက်အတွင်း နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သည့် iGREEN Development ၊ Living Square ၊ Naing Group ၊ Nay Ga Bar Myanmar ၊ Shwe ZaBuDeik ၊ Resources Group Global နှင့် Ngapali Construction များမှ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး ကွန်ဒို
အဆောက်အဦးပေါင်း (၂၈) လုံးရှိ အခန်းပေါင်း (၅၀၀) ကျော်ကို ပါဝင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအားဖြင့် သိန်း (၉၀၀) ကျော်မှ စသည့် Semi Condo အဆင့်ရှိ ကွန်ဒိုအခန်းများအပါအဝင် ကျပ်သိန်း (၃၀၀၀) ကျော် မြေပိုင်ဆိုင်ခွင့် ရမည့် နိုင်ငံတကာ အဆင့်မီ ကွန်ဒို ကွန်ဒိုအခန်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်အဖြစ် ပြပွဲ (၂) ရက်အတွင်း ဝယ်ယူသူများအတွက် ၅% မှ ၂၀% အထိ Discount နှုန်းထားများ ၊ (၁) နှစ် မှ (၁၅) နှစ်အထိ အရစ်ကျ စနစ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။
"ဝါကျွတ်တာနဲ့ မင်္ဂလာဆောင်မဲ့သူများ လာရောက် လေ့လာ ဝယ်ယူသင့်တယ်။ ကွန်ဒိုဥပဒေ အတည်ပြုပြီးရင် နိုင်ငံခြားသား ဝယ်လက်တွေ များလာတော့မှာ ဖြစ်တော့ ဒီပွဲမှာ ဝယ်ဖြစ်သွားရင် အထူးသက်သာတဲ့ ဈေးနဲ့  ကွန်ဒို အခန်းပိုင် ဖြစ်အောင် စီစဉ်ထားပေးပါတယ်။ ဘဏ်တွေနဲ့လည်း (၁) နှစ်မှ (၁၅) နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်လို့ရအောင် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အိမ်ဝယ်ဖို့ စိတ်ကူးတဲ့လူတိုင်း လာရောက် ဝယ်ယူသင့်တဲ့ ပွဲဖြစ်ပါတယ်"ဟု
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
အသေးစိတ်သိရှိလိုပါက ဖုန်း 09-455294841~5 သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)