ကွန်ဒိုလောကအတွက် အရေးကြီးသောကွန်ဒိုနည်းဥပဒေမှာထပ်မံပြီး ပြင် ဆင်ဖြည့်စွက် မှု အနည်းငယ်သာကျန်ရှိသဖြင့် အများပြည်သူသို့ တစ်လေ နာက်ဆုတ်ပြီးမှသာထုတ်ပြန်နိုင်တော့မည့် အခြေအနေဖြစ်သည်။
ပြီးခဲ့သည့်အပတ်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် ရန်ကုန် မြို့မှ ကွန်ဒိုများနှင့် သင့်လျော်မည့် အချက်များ ပြင်ဆင်ဖြည့်စွက်ခြင်းများကို လုပ်ဆောင်စေခဲ့သည်။
“ အားလုံးပြီးသွားရင်အစိုးရအဖွဲ့ကို ပို့ပြီးမှ နည်းဥပဒေ ထုတ်ပြန်လို့ ရမှာ အမြန်ဆုံးတော့ဖြစ်အောင် လုပ်နေတာပဲပိုကောင်းအောင်လုပ်နေရတာပေါ့ “ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် ကွန်ဒိုဥပဒေသည် ယခုလကုန်တွင် ထုတ်ပြန်ရန်စီစဉ်ထားရာမှ စက်တင်ဘာလအကုန်လောက်မှသာထွက်ရှိတော့မည့်အနေအထားဖြစ်သည်။
ကွန်ဒိုဥပဒေတွင် ၆ထပ်နှင့် အထက်တွင် ၄၀ရာခိုင်နှုန်းအား နိုင်ငံခြားသား များ အားရောင်းချခွင့် ရှိသည်ဆိုသောအချက်ကြောင့် လုပ်ငန်းရှင်အများစုက အမြန်ဆုံးထွက်ပေါ်လာစေရန် ဥပဒေကိုမျှော်လင့်နေကြခြင်းဖြစ်သည်။
ထို့အပြင် ကွန်ဒိုဥပဒေ(စုပေါင်းပိုင် အဆောက်အအုံဥပဒေ) အရ အခန်းဝယ် ယူသူတိုင်းသည် မြေကို ပါ ပိုင်ဆိုင်စေမည့် အချက်ကို ထည့်သွင်းထားသောေ ကြာင့် ၀ယ်ယူသူများအတွက်လည်း မနစ်နာနိုင်သောအခြေအနေဖြစ်သည်။
လက်ရှိရန်ကုန်တွင် အိမ်ခြံမြေဈေးကွက် ကျဆင်းနေခြင်းနှင့်အတူ ကွန်ဒို တိုက်ခန်းများ၏ ဈေးကွက်ပါ ဆက်တိုက် ကျဆင်းနေသောကြောင့် ကွန်ဒို ဥပဒေကိုလုပ်ငန်းရှင်များကစောင့်မျှော်နေကြခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com