ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ပြီးရင် ဂျပန်နိုင်ငံတုတ်ရထား အဆိုင်းအသစ် ၆၆ ဆိုင်းနဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ လို့ မြန်မာ့မီးရထား လုပ်ငန်းက သိရပါတယ်။
မြန်မာ့မီးရထားလုပ်ငန်း၊ စက်မှုနှင့်လျှပ်စစ်ဌာနမှ အထွေထွေမန်နေဂျာ ဦး ဝင်းဦးက ဂျပန်နိုင်ငံကနေအတွဲပေါင်း ခြောက်တွဲပါတဲ့အဆိုင်း ၁၁ ဆိုင်းကို
ဝယ်ယူမှာဆိုတော့ အားလုံး ၆၆ ဆိုင်းကိုဝယ်ယူမှာပါလို့ ပြောပါတယ်။အဲ သည် အဆိုင်းတွေ ဂျပန်နိုင်ငံကနေကြိုတင်မှာယူထားပြီး ရန်ကုန်မြို့ပတ်ရ ထားလမ်းကို အဆင့်မြှင့်တင်ဖို့ လမ်းပိုင်းဆိုင်ရာပြုပြင်မှုတွေကို လာမယ့်ေ အာက်တိုဘာလမှစပြီး စတင်ပြင်ဆင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲသည်လို လမ်းပိုင်းဆိုင်ရာတွေကို ပြုပြင်တဲ့အခါမှာ အပိုင်းနှစ်ပိုင်းခွဲပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအပိုင်း အနေနဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း(အရှေ့ခြမ်း)ဖြစ်တဲ့ တညင်းကုန်း၊ ပုရွက်ဆိတ်ကုန်းဘူတာတွေကို စတင်မှာဖြစ်ပါတယ်။
ဒုတိယအပိုင်းအနေနဲ့ ပုရွက်ဆိတ်ကုန်း – ပုဇွန်တောင်၊ တညင်းကုန်း-အင်း စိန်၊ အင်းစိန်-ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်-ရန်ကုန်ဆိုပြီး လမ်းပိုင်းဆိုင် ရာတွေနဲ့ အချက်ပြစနစ်တွေအားလုံးကို ပြုပြင်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။
အဲသည်မှာယူထားတဲ့ အဆိုင်း ၆၆ ဆိုင်းနဲ့ မလုံလောက်ရင် ပြည်တွင်းမှာ ရှိပြီးသားဖြစ်တဲ့ RBE အတွဲကိုထပ်ဖြည့်ပြီးပြေးဆွဲဖို့လျာထားတယ်လို့ သိရပါ တယ်။
ဦးဝင်းဦးက အခုမြို့ပတ်လမ်းမှာ အဆိုင်းတွေကို အသစ်တွေပဲ သုံးသွားမယ်၊ လိုအပ်မယ်ဆိုရင်တော့အဟောင်းထဲကကောင်းတဲ့ RBE အတွဲ နောက်ထပ် ၁၈ တွဲလောက်ထပ်ဖြည့်ပြီး ပြေးဆွဲသွားမှာဖြစ်ပါတယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံကနေမှာယူထားတဲ့ ရထားတွဲအဆိုင်းတွေဟာ မြန်မာနိုင်ငံအတွင်း ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာအတွင်းရောက်ရှိလာမှာဖြစ်ပြီး လမ်းပိုင်း ဆိုင်ရာ ပြုပြင်မှုအပြီးနဲ့ဆိုရင် ၂၀၂၂ ခုနှစ်မှာ စတင်ပြေးဆွဲသွားမှာဖြစ်တယ် လို့လည်း ဦးဝင်းဦးကရှင်းပြပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့် တင်ရေးစီမံကိန်းအတွက် အမေရိ ကန်ဒေါ်လာသန်း ၃၀ဝကျော် အကုန်အကျခံပြုပြင်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံ ကချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆.၅၃ သန်းနဲ့ နိုင်ငံတော်ရဲ့ဘတ်ဂျက် ၉၄.၇၆ သန်းကုန်ကျခံဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Credit: The Kumudra