ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း၊ အီတလီနယ်စပ်နှင့် နီးကပ်စွာ တည်ရှိသော ဗားရ်ပြည်နယ်ရှိ မြို့ငယ်ကလေးတစ်မြို့တွင် “ရှာတူးမာယွီ” အမည်ရှိ ရဲတိုက် ကြီးတစ်ခု ရှိသည်။
ယခုအခါ အဆိုပါရဲတိုက်၏ ပိုင်ရှင်သစ်မှာ Star Wars နှင့် Indiana Jones ဇာတ်လမ်းတွဲများ၏ ရုပ်ရှင်ထုတ်လုပ်သူဂျော့ခ်ျလူးကက်စ် ဖြစ်လာခဲ့ပြီ ဖြစ် သည်။
ရှာတူးမာယွီရဲတိုက်ကြီး၏ ခြံဝန်းပိုင်နက်မှာ ၂၅၃ ဧကအထိ ကျယ်ဝန်းပြီး ခြံ ဝန်းအတွင်းတည်ရှိသောစပျစ်ခြံကြောင့် နာမည်ကျော်သည်။ ဂျော့ခ်ျလူးကပ်စ် ဝယ်ယူလိုက်သော ခြံဝန်းကြီး၏ တောင်ဘက်တွင် အင်ဂျလီနာဂျိုလီနှင့် ဘရ က်ပစ်တို့ ဝယ်ယူထားသည် ရှာတူးမိုင်ရာဗယ်လ် ရဲတိုက်ကြီး တည်ရှိသည်။
အင်ဂျလီနာဂျိုလီသည် ရှာတူးမိုင်ရာဗယ်လ်ကို ၂၀၀၈ ခုနှစ်အတွင်း ဝယ် ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၆၇ သန်းပေးခဲ့ရသည်ဟု ဆိုသည်။ အင်ဂျလီနာ ဂျိုလီနှင့် ဘရက်ပစ်တို့၏ မင်္ဂလာပွဲကိုလည်း အဆိုပါရဲတိုက်ကြီးတွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။
ဘရက်ပစ်နှင့် ဂျိုလီတို့သည် လွန်ခဲ့သောတစ်နှစ်ခန့်က ကွာရှင်းပြတ်စဲခဲ့ကြ ပီဟု ကြေညာထားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့နှစ်ဦးသည် ရှာတူးမိုင်ရာဗယ် လ်ကို ပူးတွဲပိုင်ဆိုင်ထားကြဆဲ ဖြစ်သည်။ ဂျော့ခ်ျလူးကက်စ်သည် ရှာတူးမာ ယွီအတွက် ကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းပေးခဲ့ရသည်ဟု ဆိုသည်။
ရှာတူးမာယွီမှ ထုတ်လုပ်သော နှင်းဆီဝိုင်သည် အဆိုပါဒေသတွင် ထုတ် လုပ်နိုင်ရန် အလွန်ခက်ခဲလှပြီး ဆုတံဆိပ်များ ရရှိထားသည့် ဝိုင်လည်း ဖြစ် သည်။ခြံအကျယ်အဝန်း ၂၅၃ ဧကအနက် ၃၃ ဧကတွင် စပျစ်စိုက်ခင်းများ စိုက်ပျိုးထားပြီးသစ်ခွ၊ ဟင်းသီးဟင်းရွက်ခြံများလည်း ပါဝင်သည်။
ခြံဝန်းကြီးအတွင်း ၁၈ ရာစုရဲတိုက်ကြီးတစ်လုံး ပါဝင်သည့်နည်းတူ ရောမ ဘုရားကျောင်းတစ်ခုအပြင် နေအိမ်အဆောက်အအုံပေါင်းများစွာလည်း ပါဝင်သည်။အဆိုပါအဆောက်အအုံအားလုံးကို နောက်ဆုံးပြုပြင်မွမ်းမံခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)