ပြည်တွင်းရွှေဈေး တစ်ပတ်တွင်း ကျပ်တစ်သောင်းမြင့် တက်လာပြီး အေ ခါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၃၀,၀၀၀ ခန့်အထိ စံချိန်တင်မြင့်တက်လာ သည်။
ကမ္ဘာ့ရွှေဈေး ကန်ဒေါ်လာ ၂၀ အထိမြင့်တက်လာပြီး တစ်အောင်စလျှင် ၁,၃၀၀ ဒေါ်လာအ ထိ ပေါက်ဈေးဖြစ်လာခြင်းကြောင့် ယခုကဲ့သို့ ပြည် တွင်းရွှေဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်ေ အာင် က ပြောသည်။
‘‘ဒီနှုန်းက ပြည်တွင်းရွှေဈေးကွက်မှာ အမြင့်ဆုံးနှုန်း ဖြစ်လာတာ။ အခုဈေးက အတက်ဘက်ကို ဦးတည်နေဆဲပဲ’’ ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေဈေးမြင့်တက်လာသော် လည်း လက်ဝတ်ရတနာနှင့် မီးလင်းရွှေတုံး အရောင်းပါ နည်းပါး နေသည်။
‘‘ရွှေဈေးက အတက်ဈေးဖြစ် ပေမယ့် ငြိမ်သွားရင် အရောင်းအဝယ်ဖြစ်လာ မှာပါ။ အခု အတက် အကျမမှန်သေးတော့ အရောင်း အဝယ်မရှိဘူးဖြစ်ေ နတယ်’’ ဟု ရွှေအရောင်းအဝယ်ပြုလုပ်သူ ကို မင်းမင်းက ပြောသည်။
ပြည်တွင်းရွှေဈေးသည် သြ ဂုတ် ၂၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၁၉,၀၀၀ သာရှိသော်လည်း သြဂုတ် ၂၈ ရက်တွင် ၉၃၀,၀၀၀ ခန့် ရှိလာသည်။
လက်ရှိအချိန်တွင် ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး ဆတူမြင့်တက်လာခြင်းေ ကြာင့် ပြည်တွင်းရွှေဈေး တဖြည်းဖြည်းတက်လာပြီး ရွှေမှော်များတွင်လည်းေ ရွှအဝင်နည်းနေကြောင်း အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က ပြော ကားသည်။
‘‘အိန္ဒိယက ပဲအရောင်းအ ဝယ်ကိစ္စက ဒေါ်လာဈေးမြင့်တက် လာတယ်။ ဒါကြောင့် ရွှေဈေးက လည်း တက်လာတာ’’ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေဈေးမြင့်တက်လာသော် လည်း စိုးရိမ်ရသည့်အနေအထား ဖြစ်လာခြင်း မရှိသေးကြောင်း ဦး အောင်က ပြောသည်။
ပြည်တွင်းရွှေဈေးသည် ဇူလိုင် ၂၁ ရက်က စတင်ပြီး ကျပ် ၉၀၀,၀၀၀ ကျော် စတင်မြင့်တက်လာသည်။
Credit: 7DayDaily