ရန်ကုန်တိုင်းအတွင်းရှိ လယ်မြေကို အခြားနည်းလမ်းအ သုံးပြုရန် လျှောက် ထား၍ မြေက စားမှုများကို တိုင်းဒေသကြီးအစိုး ရက ခွင့်ပြုမည်မဟုတ်ေ ကြာင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လယ်မြေများ ဝယ်ယူပြီး လယ်ယာလုပ်ငန်းမလုပ်ကိုင်ဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုနိုင် ရန် အစိုးရထံ လျှောက်ထားမှုများ စွာရှိနေကြောင်း ဝန်ကြီးချုပ် က ပြောသည်။
လယ်မြေကို အခြားနည်းလမ်းအဖြစ် အသုံးပြုခွင့်ရရှိပါက မြေဈေး အဆများ စွာမြင့်တက်လာသဖြင့် လုပ်ကွက်တစ်ခုအနေဖြင့် လုပ်စားနေခြင်းကို တိုင်း အစိုးရက ခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များကို ဝန်ကြီး ချုပ်က အသိပေး ခြင်းလည်းဖြစ်သည်။
‘‘မြေဈေးဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အနှောင့်အယှက်မဖြစ်အောင် တိုင်းဒေ သကြီးအစိုးရအ နေဖြင့် ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ အသိပေးလိုပါ တယ်’’ ဟု သြဂုတ် ၂၈ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်ရုံး တွင် ပြုလုပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောကြားသည်။
လယ်မြေတန်ဖိုးသည် မြို့ပြ မြေဈေးနှုန်းများ ဖြစ်လာခြင်း ကြောင့် အစိုးရက လမ်းဖောက် ခြင်းကဲ့သို့ စီမံကိန်းများ ဆောင် ရွက်ရာတွင် အခက်အခဲများ စွာ ဖြစ်ရကြောင်း ဝန်ကြီးချုပ်က ရှင်း ပြသည်။
လယ်မြေများကို သိမ်းဆည်း ပြီး ပြန်လည်ပေးလျော်ရမည့် အခြေအနေ တွင် မြေတန်ဖိုးဈေးနှုန်း သည် မူလလယ်ယာမြေ တန်ဖိုး ထက်များနေခြင်းကို လည်း ရန် ကုန်တိုင်းအစိုးရက ဂရုစိုက်ကိုင် တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ် တစ်ခုဖြစ်နေကြောင်း ထပ်မံပြော ကြားသည်။
‘‘တခြားနည်းလမ်းသုံးခွင့်ရ တာနဲ့ လယ်ဈေးက အဆများစွာ ဈေးတက်သွား တယ်’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
ယခင်အစိုးရလက်ထက်က လယ်မြေကို အခြားနည်းလမ်းအ သုံးပြုရန်ေ လျှာက်ထားမှုများကြောင့် ကျပ်ဆယ့်ငါးသိန်းတန် လယ်တစ်ဧကသည် ကျပ် သိန်းတစ်ထောင်မှ ထောင့်ငါးရာအထိမြင့်တက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောသည်။
Credit: 7DayDaily