ဟံသာဝတီလေဆိပ်စီမံကိန်း အတွက် ကျူးကျော်များရှင်းလင်းရေး
နှင့် မြေသိမ်းမြေလွဲကိစ္စရပ်များကို ဌာနဆိုင်ရာများတစ်ခုနှင့်တစ်ခု ချိတ်ဆတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဟံသာဝတီလေဆိပ်နှင့်ပက်သတ်ပြီးဖြစ်ပေါ်နေသော ကောလဟာလများကိုလျော့ချရန် အတွက် မြေယာ နှင့်ပက်သတ်သော ကိစ္စရပ်များကို မည်သူမျှ နစ်နာမှု မရှိစေရန် ဌာနများပူးပေါင်းပြီး စာရင်းပြုစုပေးလျှက်ရှိကြောင်းလေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းသည် ဂျပန်နိုင်ငံမှ ချေးငွေ ရရှိသည်နှင့်စတင်မည်ဖြစ်သောကြောင့် မြေယာလျော်ကြေးနှင့်ပက်သတ်သော ကိစ္စရပ်များကိုအပြီးသတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ဟံသာဝတီလေဆိပ်စီမံကိန်းကို စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တည်ဆောက်သော JGC youngnam ကုမ္ပဏီမှ တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားသည်။
စီမံကိန်းကို ၃နှစ်ကျော်အတွင်း အပြီးသတ် အကောင်အထည်ဖော်နိုင်ရန် လျာထားပြီး ၂၀၁၈တွင်စတင်နိုင်ရန် လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ရည်မှန်းထားသည်။
ရန်ကုန်လေဆိပ်တွင်နောက်ပိုင်းတွင်တိုးပွားလာမည့်ခရီးသည်ပေါ်မူတည်ကာဟံသာဝတီလေဆိပ်စီမံကိန်းကို
တည်ဆောက်ရခြင်းဖြစ်ပြီး လေဆိပ်နှင့် ရန်ကုန်မြို့တွင်းပိုင်းကိုချိတ်ဆတ်ရန် ကားလမ်းနှင့်ရထားလမ်းများပါထည့်သွင်းဖောက်လုပ်ရန်
အထိရည်ရွယ်ထားသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းမြေနေရာသည်ယခင်ဂျပန်ခေတ်က အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းမြေနေရာဖြစ်ကာ မြေယာ လျော်ကြေးပေးအပ်ရန်များစွာမရှိဘဲ အစိုးရပိုင်မြေလွတ်မြေရိုင်းပေါ်တွင် အကောင်အထည်ဖော်ခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com