စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုကို မကြာသေးမီကမှ သြစတေးလျဒေါ်လာ ၂၅၂ သန်း (ကန်ဒေါ်လာ သန်း ၂၀၀) ဖြင့် ဝယ်ယူထားခဲ့သည်။
ယခုအခါတွင် အိန္ဒိယနိုင်ငံရှိ ၆ဒသမ ၅ဟက်တာ ကျယ်ဝန်းသော မြေကွက်တစ်ကွက်ကို နည်းပညာလုပ်ငန်းများအတွက်ရည်ရွယ်ကာ
IT PARK တစ်ခုဆောက်လုပ်ရန်အတွက် ဝယ်ယူလိုက်ပြန်သည်။
ယခုဝယ်ယူမှုကို Ascendas-singbridge ၏ အိန္ဒိယဖွံ့ဖြိုးရေးစီမံကိန်း
( AIGP) အရ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်ဝယ်ယူခြင်းလည်း ဖြစ်သည်။
AIGPသည် အိန္ဒိယတွင် ကန်ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံရန်ရည်မှန်းထားပြီး ပထမအကြိမ် ရင်းနှီးမြှပ်နှံခဲ့သည်
မှာ gurgaron နိုင်ငံတကာ tech park တွင်ဖြစ်သည်။
ယခုဝယ်ယူလိုက်သည့် မြေကွက်မှာ အိန္ဒိယနိုင်ငံ၊ ပြွန်း မြို့ လယ်၏ စီးပွားရေးအချက်အခြာကျသော ခါရာဒီအရပ်တွင်ဖြစ်သည်။
အဆိုပါ ဒေသတွင် လူနေအိမ် စီမံကိန်းများ ၊ဟိုတယ်များ ၊ စီးပွားရေးလုပ်ငန်းဇုန်များ ၊ဈေးဝယ်စင်တာများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအစိုးရဌာနများစွာတည်ရှိသည်။
စီမံကိန်းပထမဆင့်ကို မြေအကျယ်အဝန်းစတုန်းရန်းပေ တစ်သန်းပေါ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)