မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော် သုံးမည်

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော် သုံးမည် - Property News in Myanmar from iMyanmarHouse.com
28 Aug 2017 11:12 am တွင် တင်ခဲ့သည်
1249 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့် မြှင့်တင်ခြင်း စီမံကိန်းတွင် လုပ်ငန်းေ ဆာင်ရွက်မှုများပြားခြင်းကြောင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ JICA ချေးငွေနှင့်နိုင်ငံတော် ဘတ်ဂျက်အပါအဝင် အမေရိ ကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်းသုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ချေးငွေပမာဏ မများအောင် နိုင်ငံတော် ဘတ်ဂျက်နဲ့ပါ နိုင်တဲ့အပိုင်းက လုပ်ဆောင်တာ ဖြစ်တယ်။ လုပ်ငန်းစဉ်အနေနဲ့ ကဏ္ဍနှစ်ခုခွဲပြီး လုပ်တယ်” ဟု မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ဆိုသည်။

JICA ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃ သန်းဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ DEMU ရထား ၆၆ တွဲ ဝယ်ယူခြင်းကို ဆောင် ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းဖြင့် ရထားခုန်ခြင်း လျှော့ချရန် သံလမ်းများဆက်ခြင်း၊ သံဘောင်ပြုပြင်ြ ခင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ပလက်ဖောင်းမြှင့်ခြင်းများ ဆောင်ရွက်မည်ြ ဖစ်ကြောင်း ၎င်းက ပြောကြားသည်။

“အချက်ပြ ဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်မှာ လုပ်ဆောင်ရ မယ့်အချက်တွေက အများကြီး ရှိတယ်။ နည်းပညာပိုင်းတွေ ပါတယ်။ လက် ရှိ ဆောင်ရွက်ထားပြီးအပိုင်းတွေလည်း ရှိနေပြီ။ ပလက်ဖောင်း ငါးခု ပြင် ဆင်ထားပြီးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရထားများ ဆုံခြင်း၊ ဆက်သွယ်ရေး အချက်ပြစနစ်များကို စမ်းသပ် အသုံးပြုခြင်း၊ မြို့ပြဆိုင်ရာ လမ်းလွှဲ၊ လမ်းကူးများ စမ်းသပ် အသုံးပြုခြင်း၊ မင်္ဂလာဒုံ ဘူတာတွင် မီးရောင်စုံ အချက်ပြစနစ်မှ အလံပြအချက်ပြစနစ် သို့ ပြောင်းလဲကျင့်သုံးခြင်းအပေါ် စမ်းသပ် လေ့ကျင့်ခြင်းများ လုပ်ဆောင်ထာြး ပီး ကွန်ကရစ်ဇလီ ဖားတုံး ၃၆၀ တုံးနှင့် လမ်းခင်းကျောက်များ ဝယ်ယူထားပြီြး ဖစ်ကြောင်း မြန်မာ့မီးရထား၊ စီမံကိန်းဒါရိုက်တာ ဦးထွန်းအောင်သင်း က ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အကောင် အထည်ဖော်ရန် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၂၀ ကျော်ရှိပြီး နှစ်ခုကို အပြီးရွေးချယ်မည်ဖြစ်ကာ အောက်တိုဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် ရထား၏ အရှေ့ခြမ်းတွင် မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ မြောက်ဥက္ကလာ၊ ပုဇွန်တောင် အနောက်ခြမ်း တွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ တညင်းကုန်း စသည်တို့ ခွဲထားပြီး အရှေ့ခြမ်းကို ယခုနှစ်အတွင်း ဆောင်ရွက်ကာ အနောက်ခြမ်းကို ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန် မာ့မီးရထားနှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်သည့် မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုး ရေးမဟာဗျူဟာ စီမံကိန်းအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့ မီးရ ထားထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service