ဟောင်ကောင်မြို့ လယ် ကောင်းလုန်ဒေသရှိ အဆောက်အအုံဘလောက် ၆ ခု၏ တိုက်ခန်းပေါင်း ၃၂၀၀ ခန့်ကို ဖြိုချဖျက်သိမ်းကာ ပြန်လည်ဆောက်လုပ်ရန် စီစဉ်လျှက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဆိုက်ဘ်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်တွင် လူနေအိမ်ခန်းများ များစွာလိုအပ်နေမှုကို ဖြေရှင်းပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ဆယ်စုနှစ်လေးခုကျော် သက်တမ်းရှိသည့်အဆောက်အအုံများကိုပြန်လည်ဖြိုချဆောက်
လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုစီမံကိန်းအတွက် ရွှေ့ ပြောင်းပေးရမည့် လူပေါင်း ၈၅၄၀ ဦးကို အနီးရှိ လူနေအိမ်ရာများတွင် ရွှေ့ ပြောင်းနေရာချထားပေးမည်ဟု ဆိုသည်။
ယခုစီမံကိန်းပြီးစီးပါက လူနေခန်းပေါင်း ၄၀၀၀ ကျော်ရရှိမည်ဖြစ်ပြီး လာမည့် ဆယ်စုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
ဟောင်ကောင်တွင် လူနေခန်းဝယ်ယူရန် လျှောက်ထားသူပေါင်း ၂၇၇၈၀၀ ဦးအထိ ရှိနေခဲ့ခြင်းကြောင့်ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်နိုင်ခြေရှိသည်။
ဟောင်ကောင်တွင် လူတစ်ဦးသည် နေအိမ်ခန်းတစ်ခန်းလျှောက်ထားဝယ်ယူရရှိရန်အတွက် ၄ နှစ်နှင့်၈ လ ခန့် စောင့်ဆိုင်းရလေ့ရှိကြောင်း အိုးအိမ်အာဏာပိုင်မှတ်တမ်းများတွင် ဖော်ပြသည်။
Mei tung အိမ်ရာရှိ ဘလောက် ၂ခုမှာ ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်
အကြား က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လူနေခန်းပေါင်း ၆၆၅ ခန်းရှိသည်။
အဆိုပါ ဘလောက်၂ခုကို ပြန်လည်ဆောက်လုပ်ပြီးပါက ၂၀၂၇ ခုနှစ်တွင် လူနေခန်းပေါင်း ၁၉၀၀ ရရှိလာမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)