နိုင်ငံတကာကစတော့အိတ်စ်ချိန်းဈေးကွက်ထဲမှာတော့ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့တန်ဖိုးကျဆင်းသွားနိုင်မလားဆိုတဲ့ကြောက်ရွံ့စိတ်နဲတန်ဖိုးမြင့်တက်
သွားမလားဆိုတဲ့ လောဘစိတ်တို့အကြားလုံးထွေးနေလျက်ရှိပါတယ်။
ဒါပေမဲ့လည်း စိုးရိမ်မှုတွေဖြစ်ပေါ်ချိန်တိုင်း လုံခြုံစိတ်ချရတဲ့ စုဆောင်းမှုအဖြစ် ရှုမြင်ခံရလေ့ရှိတဲ့ ရွှေကတော့ ယခုနှစ်အတွင်းမှာ
ပိုလို့တောင် တန်ဖိုးတက်ထားခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ အဖိုးတန် သတ္တုဟာဆိုရင် ယခုနှစ်ထဲမှာ ၁၂ ရာခိုင်နှုန်းထိတန်ဖိုးတက်ခဲ့ပြီး တစ်အောင်စကို ဒေါ်လာ ၁,၃၀၀ နီးပါးထိရောက်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၀ နောက်ပိုင်း အကောင်းဆုံးသောစွမ်းဆောင်နိုင်မှုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ခုလိုမျိုး တစ်ချိန်တည်းမှာပဲ ရွှေနဲ့ စတော့ဈေးကွက်တို့ စွမ်းဆောင်မှုကောင်းတယ်ဆိုတာက ကြုံတောင့်ကြုံခဲတော့လည်း
မဟုတ်လှပါဘူး။
ယမန်နှစ်တုန်းက ရွှေက ၈ ဒသမ ၆ ရာခိုင်နှုန်း တက်ခဲ့ချိန်မှာ အမေရိကန်နိုင်ငံS&P 500 စတော့ဈေးကွက်ရဲ့တန်ဖိုးပိုင်းမှာ
လည်း ၉ ဒသမ ၅ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ ၂၀၁၀ တုန်းကဆိုရင်ရွှေက တန်ဖိုး ၃၀ ရာခိုင်နှုန်းနီးပါး တက်ခဲ့ချိန်မှာတော့ စတော့ဈေးကွက်ကတော့ ၁၃ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။
ယခုလို ရွှေတန်ဖိုးမြင့်တက်နေစေရတဲ့ အဓိကအချက်တစ်ခုအနေနဲ့ကတော့ စတော့ဈေးကွက်နောက်လိုက်နေခဲ့ကြတဲ့ရင်းနှီးမြှုပ်နှံသူတွေက တကယ်လို့ တစ်ခုခုမှားသွားခဲ့ချိန်မှာသူတို့ရဲ့ မြှုပ်နှံမှုတွေကို လုံခြုံစေဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ဖွယ်ရှိပါတယ်။
" လူတော်တော်များများက စတော့ဈေးကွက်ရဲ့ တန်ဖိုးပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်၊ဒါပေမယ့် အတက်ဘက်ရောက်
သွားမယ့်အပေါ်မှာလည်း သူတို့လွဲချော်သွားမှာကို မလိုလားကြပြန်ပါဘူး" လို့ Merck Investments ရဲ့ တည်ထောင်သူAxel Merck က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ပထ၀ီနိုင်ငံရေးရာ စိုးရိမ်စရာအခြေအနေတွေဖြစ်တဲ့ မြောက်ကိုရီးယားအရေး၊ ၀ါရှင်တန်အစိုးရရဲ့ မတည်မငြိမ်ဖြစ်မှု စတာတို့အပေါ်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ပူပန်မှုတွေ ဖြစ်စေလျက်ရှိပါတယ်။
" ထရမ့်ရဲ့ တွစ်တာအသုံးပြုမှုကလည်း ဈေးကွက်ကို လှုပ်ခါစေတဲ့အထိ ဖြစ်နေဆဲပါ" လို့လည်း CFRA Research ရဲ့ ရင်းနှီးမြှုပ်နှံ
မှုဆိုင်ရာ မဟာဗျူဟာအရာရှိ LindseyBellကပြောပါတယ်။ရှေ့ကာလမှာဆိုရင် မသေချာမှုတွေသာ တိုးဖြစ်နေတဲ့ အရိပ်အယောင်တွေမြင်နေရချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ရွှေ့ ပိုပြီး စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ခံနေရပြီဖြစ်တယ်လို့ ၎င်းက ပြောသွားပါတယ်။
Credit: SFJ Strategy First