Hilton ဟိုတယ်လုပ်ငန်းစုက Sedona ဟိုတယ်မန္တလေးကိုHilton မန္တလေးဟိုတယ် အမည်သို့ ပြောင်းလဲ လုပ်ကိုင်သွားမယ်လို့ Hilton ဘက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Hilton Hotels & Resorts က မြန်မာနိုင်ငံမှ Eden ကုမ္ပဏီလုပ်ငန်းစုရဲ့ လက်ခွဲကုမ္ပဏီEden Hotels & Resorts နဲ့ လက်မှတ်ရေးထိုးပြီးHilton မန္တလေးဟိုတယ်ကို စီမံလုပ်ကိုင်သွားမှာဖြစ်ပါတယ်။
Hilton မန္တလေးဟိုတယ်မှာ Hilton Hotels & Resorts ကမြန်မာနိုင်ငံမှာ ၃ ခုမြောက်လုပ်ကိုင်မယ့် ဟိုတယ်ဖြစ်လာခဲ့ပြီး ၂၀၁၇ နောက်ဆုံးသုံးလအတွင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
“ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှု မြို့တော်ဖြစ်တဲ့မန္တလေးမြို့မှာ အခုလိုဟိုတယ် ဖွင့်လှစ်လိုက်ခြင်းက
ဒီမြို့ရဲ့ တိုးတက်မှုအပေါ် ယုံကြည်ကြောင်းပြသလိုက်ခြင်းဖြစ်ပါတယ် “ လို့ Hilton ဟိုတယ်လုပ်ငန်းစုရဲ့ အာရှနဲ့ သြစတြေးလျဈေးကွက် ဖွံ့ဖြိုးရေးဆိုင်ရာအကြီးတန်းဒုတိယဥက္ကဌ Guy Philips က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မန္တလေးမြို့သို့ နိုင်ငံခြားခရီးသည်အများအပြားဝင်ရောက်ခဲ့ပြီး ၂၀၁၆ အတွင်း ခရီးသည်
ဝင်ရောက်မှုပမာဏမှာ ၂၀၁၅ နဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Hilton မန္တလေး
ဟိုတယ်မှာ နိုင်ငံခြားခရီးသည်များကို အဓိကဆွဲဆောင်ရာ မန္တလေးနန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။
Hilton မန္တလေးဟိုတယ်မှာ အခန်းပေါင်း ၂၃၁ ခန်းပါဝင်ပြီးစတုရန်းမီတာ ၂၅၆ အကျယ်ရှိတဲ့ ခန်းမကြီးတစ်ခု၊
Business Centre ၊ ရေကူးကန်၊ ကျန်းမာရေးလေ့ကျင့်ခန်းနေရာ၊ Spa ၀န်ဆောင်မှုတွေပါဝင်မှာဖြစ်ပါတယ်။
Hilton Hotels & Resorts လုပ်ငန်းစုမှာ နိုင်ငံတကာမှာဟိုတယ်အလုံးပေါင်း ၅၇၀ ကျော်ကို ဖြန့်ကျက်ထားပြီးခရီးသွားဧည့်သည်တွေကို ၀န်ဆောင်မှုပေးလျက်ရှိတဲ့ဟိုတယ်လုပ်ငန်းစုဖြစ်ပါတယ်။
Credit: SFJ Strategy First