ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူများ အနေနှင့် အဆိုပြုလွှာ၊ အ တည်ပြုလျှောက်လွှာများ တင်ပြရန် ပြင်ဆင်နေသည့် ကုမ္ပဏီများကို စက်တင် ဘာလ ပထမပတ်မှစ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က လစဉ် တွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
ဥပဒေ၊ နည်းဥပဒေသစ်အရ လုပ်ငန်းရှင်များက အဆိုပြုလွှာ၊ အတည်ပြုေ လျှာက်လွှာများ တင်ပြခြင်းကို ကူညီဆောင်ရွက်ပေးခြင်း အစီအစဉ်ကို တက်ရောက်လိုပါက ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး ဦး၊ ကိုယ်တိုင် တက်ရောက်မည့် ပုဂ္ဂိုလ်အမည်၊ ကုမ္ပဏီ၊ ဆောင်ရွက်မည့် လုပ်ငန်းအမည်တို့ကိုတင်ပြ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ စာရင်းပေး တက်ရောက်နိုင်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“MIC ကို တင်ပြီဆိုကတည်းက အကုန်လုံးကို ကျေညက်လို့ တင်ကြ တာပါ။ တော်တော်များများက Consultant (အကြံပေး) တွေ ရှိကြပါတယ်။ ဒါက မလိုပါဘူး”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက မှတ်ချက်ပြု ပြောဆိုသည်။
ယင်းသို့လစဉ်တွေ့ဆုံခြင်းထက် MIC အနေနှင့် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ ရာတွင် အခက်အခဲဖြစ်ပေါ်နေသည်များကို တင်ပြဖြေရှင်းပေးနိုင်မည့် တွေ့ ဆုံပွဲများ ပြုလုပ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။
MIC သည် လစဉ် ပထမပတ်အတွင်းရှိ အင်္ဂါနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်နှင့် သစ်အခြေခံ စက်မှုလုပ်ငန်း များဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ လစဉ် ဒုတိယပတ်အတွင်းရှိ အင်္ဂါေ န့တွင် CMP လုပ်ငန်းများနှင့် စက်မှုကဏ္ဍ (စားသောက်ကုန်နှင့် သစ်လုပ်ငန်း မှအပ) ဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ လစဉ် တတိယပတ် အင်္ဂါနေ့ တွင် အိမ်ရာအဆောက်အအုံ၊ စက်မှုဇုန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ် ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ လစဉ် စတုတ္ထပတ်အတွင်းရှိ အင်္ဂါနေ့တွင် လျှပ်စစ်၊ စွမ်းအင်၊ အခြားဝန်ဆောင်မှုနှင့် သတ္တုကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လည်းကောင်း တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
Credit: The Voice