ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်တံတားအမှတ်(၁)မှ သီလဝါအထူး စီးပွားရေးဇုန်အထိ လေးလမ်းသွား ကားလမ်းဖောက်လုပ်မည်ဖြစ်ရာ ၁၈ လ ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းစီမံကိန်းကို တစ်နှစ်ခွဲအတွင်း စတင်ဖောက်လုပ်နိုင်ရန် စီစဉ်ထားပြီး သန်လျင်တံတားအမှတ်(၁)မှ သီလဝါအထူးစီးပွားရေးဇုန်အထိ လမ်းအရှည် ၈ ဒသမ ၇ ကီလိုမီတာခန့် ရှည်လျားမည်ဖြစ်ပြီး လမ်းစီမံကိန်း အတွက် ၂ဝ၁၄ ခုနှစ်တွင် Loan Agreement လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ODA Loan ကို Loan Agreement ရေးထိုးပြီးချိန်မှစ၍ ၁ဝ နှစ်အတွင်း ငွေပြန် လည် ပေးဆပ်ရန် မလိုဘဲ ၁၁ နှစ်မှစတင်ကာ နှစ် ၃၀ အတွင်း စီမံကိန်း အတွက် ကုန်ကျသည့် ချေးငွေပမာဏအတွက်သာ ပြန်လည် ပေးဆပ်ရမည်ြ ဖစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းလေးလမ်းသွားလမ်းမကြီးအတွက် ဂျပန် ODA ချေးငွေ အမေရိကန်ဒေါ် လာ ၄၁ ဒသမ ၅၆ သန်း အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
ထိုလေးလမ်းသွားလမ်းမကြီးအတွင်း ပလက်ဖောင်းများ၊လမ်းမီးတိုင်များ အပါ အဝင် ရေမြောင်းများကို နိုင်ငံတကာ အဆင့်မီ တည်ဆောက်မည်ဖြစ်ပြီးေ လးလမ်းသွားစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ေ ဆာက်မည်ဖြစ်ကြောင်း သိရသည်။
Credit:Myawady