ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှဇုန်မြေဈေးကွက်မှာအဝယ်ရှိသော်လည်း ရောင်းလိုသူမရှိသဖြင့်အရောင်းအဝယ်ငြိမ်သက်နေရာမှ လက်ရှိကာလတွင် အရောင်းအဝယ်အနည်းငယ်ဖြစ်ထွန်းလာကြောင်း၊ဈေးနှုန်းမှာလည်း
အမြင့်ပိုင်းဖြင့်သာ ဆက်လက်ရှိနေကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များကပြောသည်။
""ဇူလိုင်နဲ့ ဩဂုတ်ကြားထဲမှာဘဲ ဇုန်မြေတွေမှာ အမေးအမြန်းရှိလာတယ်။တချို့အကွက်တွေလည်း အရောင်းအဝယ်ဖြစ်သွားတယ်။သိန်းသောင်းဂဏန်းလောက်နဲ့ဖြစ်ခဲ့တာတွေ
ရှိတယ်။လုံးဝအေးပြီးဈေးမြင့်နေတာထက်စာရင် နည်းနည်းလေးဖြစ်တော့ အဆင်ပြေတာပေါ့။ဒီလို ကြိုကြားလေးဖြစ်နေရင်မဆိုးဘူး။""ဟု ဝါရင်အကျိုးဆောင်တစ်ဦးမှ ပြောသည်။
လက်ရှိရန်ကုန်တွင်စက်မှုဇုန်၂၉ခုရှိသည်။။ထပ်မံတိုးချဲ့မှုမရှိသေးသဖြင့်ဈေးတန်းမှာမူကျဖွယ်ရာမရှိကြောင်း အကျိုးဆောင်အများစုကသုံးသပ်ကြသည်။"" ၂၉ ခုဆိုတာ ဝါးတစ်ရာ ၊မြောင်းတကာစက်မှုဇုန်တွေအထိကိုပြောတာနော်။ဒီတော့ အကန့်အသတ်နဲ့ဆိုတော့ စီးပွားရေးသမားတွေက ဝယ်ချင်တယ်။ဈေးကတော့ အမြင့်ဈေးမှာရှိတယ်။ထောင်ကျော်ကနေသောင်းကျော်အထိရှိတယ်။အရောင်းအဝယ်ကောင်းကောင်းဖြစ်လာဖို့ဆိုတာကတော့ အချိန်စောင့်ရမယ်။ ။""ဟု ပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်တစ်ခုမှ MD က ပြောပြသည်။
လက်ရှိကာလတွင် ဝယ်ယူလိုသူအများဆုံးရှိနေသည့် စက်မှုဇုန်မှာ လှိုင်သာယာစက်မှုဇုန်ဖြစ်နေကြောင်း ၊ နေရာကျယ်ဝန်းမှုကြောင့် စိတ်ဝင်စားသူများပြားခြင်းဖြစ်သော်လည်း လက်ရှိလုပ်ငန်းလည်ပတ်နေသည့် အကွက်များဖြစ်သောကြောင့် ပြန်လည်ရောင်းချသူမရှိကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com