လိုင်စင်မဲ့နိုင်ငံခြားသားပြည်ပအကျိုးဆောင်ပေါင်း ငါးဆယ်ကျော်အထိရှိလာ ၊ ပြတ်ပြတ်သားသားအရေးယူနိုင်မည့် ဥပဒေမရှိသေး

လိုင်စင်မဲ့နိုင်ငံခြားသားပြည်ပအကျိုးဆောင်ပေါင်း ငါးဆယ်ကျော်အထိရှိလာ ၊ ပြတ်ပြတ်သားသားအရေးယူနိုင်မည့် ဥပဒေမရှိသေး - Property News in Myanmar from iMyanmarHouse.com
28 Aug 2017 9:36 am တွင် တင်ခဲ့သည်
1345 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း၌တရားမဝင် လာရောက်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော
လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များမှာ ငါးဆယ်ကျော်အထိ အရေအတွက်ရှိလာပြီဖြစ်သော်လည်း၎င်းအကျိုးဆောင်များ
အားပြတ်ပြတ်သားသားအရေးယူနိုင်မည့် ဥပဒေမရှိသေးခြင်းသည် အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း
ဒုတိယ ဥက္ကဌ မှ ပြောသည်။

""အရင်က လိုင်စင်မဲ့အကျိုးဆောင်အဖြစ် ပြည်ပကလာလုပ်နေတဲ့သူတွေရှိတယ်။ဒါပေမယ့် အစက သိပ်မသိမသာနဲ့ဖြည်းဖြည်းချင်းများလာတာ။အခုမရှိဘူးဆို ၅၀ ဝန်းကျင်လောက်အထိရှိလာပြီ။ အရင်က ဘယ်လိုလာလဲဆိုရင် အစပိုင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့လိုင်စင်နဲ့ ဆောက်လုပ်ရေးပိုင်းမှာ ဝင်လုပ်ကြတယ်။အဲဒီကနေ အခန်းရောင်းရင်းနဲ့ တစ်ခြားအခန်းလိုချင်တဲ့သူတို့နိုင်ငံသားတွေကို ပြန်ပြီး အကျိုးဆောင်းလုပ်ကြတယ်။ဒါတွေန၏ပတ်သက်ပြီး ကျွန်တော်တို့တွေ စာရင်းကောက်ယူထားတာတွေရှိတယ်။ဒါပေမယ့် ဘယ်ကိုသွားတိုင်ရမလဲ။တိုင်ရင်လည်း ဘယ်ဥပဒေနဲ့ အရေးယူလို့ရမလဲ။အဲဒါကြောင့်လောလောဆယ်မှာတော့စောင့်ကြည့်နေတုန်းပါပဲဒီလိုအရေးမယူနိုင်သေးတာဥပဒေရဲ့အားနည်းချက်တွေကြောင့်လို့ပြောလို့ရပါတယ်။တကယ်လို့ ဥပဒေတွေသာရှိလာရင်တော့ ပြတ်ပြတ်သားသားအရေးယူလို့ရသွားမယ် "ဟု မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးသန်းဦးမှ ပြောပြသည်။

လိုင်စင်မဲ့ပြည်ပ အကျိုးဆောင်များအား လုပ်ကိုင်ခွင့်ပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်အနေဖြင့် ဥပဒေဖြင့်သော်လည်းကောင်အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာဖြင့်သော်လည်းကောင်း ခွင့်ပြုပေးထားခြင်းမရှိကြောင်းလည်းသိရသည်။

ပြည်တွင်း၌ လိုင်စင်မဲ့တရားမဝင်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအကျိုးဆောင်များအား သက်ဆိုင်ရာသံရုံးများမှ စာထုတ်သတိပေးမှုများပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းကြောင်းသိရသည်။

ယင်းကဲ့သို့လာရောက်လုပ်ကိုင်နေကြသူများမှာ ဆောက်လုပ်ရေးကုမ္ပဏီ ၊ အလှကုန် ကုမ္ပဏီ ၊ လူသုံးကုန်ပရိဘောဂ ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ကြကြောင်းအများစုမှာဆောက်လုပ်ရေးကုမ္ပဏီများမှ
အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service