စီးပွားရေးမြို့တော် ရန်ကုန်မှာ လူဦးရေတိုးတက်များပြားလာပြီး မြို့သစ်ေ တွကို တိုးချဲ့ဖို့အတွက် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ၊ တွံတေး ၊ ဆိပ်ကြီးခေ နာင်တိုမြို့နယ်ရှိ ဧရိယာမြေဧက ၃၀,၀၀၀ ပေါ်မှာ မြို့သစ်စီမံကိန်းတစ်ခုကို စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ် ။
‘ရန်ကုန်မြို့ရဲ့ တိုးပွားလာတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့အတွက် မြို့သစ် စီမံ ကိန်းတစ်ခုကိုလဲ ဆောင်ရွက်ဖို့ရှိပါတယ် ၊ ဒါကြောင့်ကြည့်မြင်တိုင် တစ်ဖက် ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်းကို လာမယ့် ပွင့်လင်းရာသီမှာ စတင်အေ ကာင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်’ လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောပါတယ် ။
ယခင်အစိုးရလက်ထက်က ရန်ကုန်အနောက်ဘက်ခြမ်း တွံတေးမြို့နယ် ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ၊ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဧရိယာပေါင်း ၂၀,၀၀၀ ကျော်ရှိတဲ့ မြို့သစ်စီမံကိန်းတစ်ခုကို စီစဉ်ခဲ့ပါသေးတယ် ။ အဲသည်ြ မို့သစ်စီမံကိန်းဟာ ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ စီမံကိန်းဖြစ်တယ် လို့ဆိုပြီး တိုင်းလွှတ်တော်မှာကန့်ကွက်မူတွေရှိခဲ့ပြီး အကောင်အထည်မေ ဖ်ာနိုင်ခဲ့ပါဘူး ။ အခုလက်ရှိမှာတော့ အဲသည်မြို့သစ်စီမံကိန်းက ရန်ကုန် တိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ပထမဦးစားပေး စီမံကိန်း အနေနဲ့ ပါဝင်လာခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန်မြို့တော်ကို တိုးချဲ့တည်ဆောက်ရန် လိုအပ်မှု ၊ မြို့သစ်စီမံကိန်း အတွက် ယခင်အစိုးရရဲ့ ဆောင်ရွက်ခဲ့မှုတွေ ၊ လက်ရှိမြို့သစ်တည်ဆောက် မယ့် အစီအမံတွေနဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းတွေ ၊ လုပ်ငန်းဆောင်ရွက်မှုပုံစံ ပြန် လည် ပြင်ဆင်ရမယ့်အကြောင်းရင်းတွေ ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမူတွေအပေါ် ပြင်ဆင်မှုဟူ၍ လုပ်ငန်းစဉ် ငါးရပ်နဲ့ တည်ဆောက်မယ့် မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့ တိုင်းလွတ်တော်အစည်းအဝေးမှာ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှင်းပြခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အရ လူဦးရေ ၇.၃၆ သန်းရှိပြီး မျှော်မှန်းလူဦးရေဟာဆိုရင် ၂၀၂၁ ခုနှစ်မှာ ၈.၆၈ သန်း ။ ၂၀၂၆ ခုနှစ်မှာ ၉.၉၆ သန်း ။ ၂၀၃၀ မှာ ၁၁.၇၂ သန်း ဖြစ်နိုင်တယ်လို့ သူက ပြောခဲ့ပါတယ် ။ လူဦးရေ ၁၀ သန်းကျော်ရင် မဟာမြို့တော်ကြီးတွေ (Mega City) အဖြစ် သတ်မှတ်တယ်လို့ ပြောပါတယ် ။
ရန်ကုန်မြို့ဟာ နောင် ၁၀ နှစ်အတွင်း လူဦးရေ ၁၀ သန်းအထက်ရှိမယ့် Mega City အဆင့်ကို ရောက်ရှိလာမှာဖြစ်တဲ့အတွက် Vertical Expansion နှစ်ခုစလုံးပေါင်းစပ်ပြီး စီမံပြင်ဆင်ထားဖို့ လိုအပ်လာ မှာဖြစ်ပါ တယ် ။ ဒါပေမဲ့ လက်ရှိရန်ကုန်မြို့ရဲ့ အဝန်းအဝိုင်းမှာတော့ Vertical Expansion ကိုပဲ ဆောင်ရွက်မှာဖြစ်ပြီး Horizontal Expansion က မြို့ပြင်ေ ဒသတွေကို တိုးချဲ့သွားမှာဖြစ်တယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ် ။
Credit: The Modern