ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို တစ်နှစ်သက်တမ်း၊ ယာယီအသိအမှတ်ြ ပုလိုင်စင် ထုတ်ပေးမှာကို သည်လကုန် နောက်လလယ်လောက်မှာ ဖြစ်နိုင်ဖို့ ခန့်မှန်းထားကြောင်း ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှု အသင်းက သိရပါတယ်။
ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်း တာဝန်ရှိသူတစ်ဦးက “ကုမ္ပဏီထောင်ထားတာမဟုတ်ဘဲနဲ့ ယာယီလိုင်စင်တစ်ခုအနေနဲ့ ဟို တယ်ခရီးကနေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်၊ လိုင်စင်တော့ ရမှာပါ၊ ဒီလ ကုန် နောက်လလယ်လောက် ဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။
ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ဝန်ကြီးဌာနက အသိအမှတ်ပြုလက် မှတ်တွေ ထုတ်ပေးရင် နိုင်ငံတော်က အခွန်အခတွေ ရရှိနိုင်မှာ ဖြစ်တယ်။ အွန်လိုင်းအသုံးပြုပြီးတော့ ခရီးစဉ် လိမ်လည် ရောင်းချတဲ့ဖြစ်စဉ်တွေလည်း ပပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
“ယာယီလိုင်စင်ထုတ်ပေးရင် နိုင်ငံတော်အတွက် အခွန်အခ ရမယ်၊ အွန် လိုင်းတို့၊ ဖေ့စ်ဘုတ်ခ်တို့၊ သတင်းစာတွေမှာ ကြော်ငြာပြီး လိမ်တဲ့သူတွေ လုပ်လို့မရတော့ဘူး၊ အဲ့ဒီလို ယာယီလက်မှတ် ထုတ်ပေးလိုက်ရင် ပြည်တွင်း ခရီးသွားလုပ်ငန်းတွေက စည်းကမ်းတကျဖြစ်သွားမယ်၊ ယာယီလိုင်စင် သက်တမ်းကတော့ တစ်နှစ်ဖြစ်တယ်၊ ဒါက အတည်ဖြစ်ရင်လဲဖြစ်သွား မယ်၊ ပြောလို့တော့ မရဘူး” လို့ ဘုရားဖူးနဲ့ခရီးသွားဝန်ဆောင်မှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တစ်နှစ်သက်တမ်းယာယီအသိအမှတ်ပြု လိုင်စင်လျှောက်ထားမယ့် လုပ် ငန်းရှင်တွေအနေနဲ့ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှု ထောက် ခံချက်ရဖို့ လိုအပ်ပြီး ငွေကြေးအရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သားတွေ လိုအပ် မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းခရီးစဉ်တွေကို သွားရောက်လည်ပတ်သူတွေ တစ်နှစ်ကို ခုနှစ်သန်းလောက်ရှိပြီး ရန်ကုန်မြို့မှာ ပြည်တွင်းခရီးသွားလုပ်ငန်း ဝန်ေ ဆာင်မှုပေးနေသူ ၆၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ တည်ဆဲဥပဒေအရ ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းတွေကို ကုမ္ပဏီ ထူထောင်သူတွေကိုသာ လိုင်စင်ချပေးထားခြင်းရှိကြောင်း သိရပါတယ်။ ခရီးသွားလုပ်ငန်းငယ်တွေအနေနဲ့ ကုမ္ပဏီထူထောင်ဖို့ အရင်းအနှီးပိုင်း ဆိုင်ရာ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းဥပဒေအရဆိုရင် ခရီးသွား လုပ်ငန်းတွေမှသာ ချေးသွေရရှိနိုင်မှာဖြစ်တယ်။ လက်ရှိ ပြင်ဆင်ရေး ဆွဲနေ တဲ့ မြန်မာနိုင်ငံ ခရီးသွားလုက်ငန်းဥပဒေသစ်မှာဆိုရင် မူကြမ်းအဆင့်သာ ရှိပြီး နည်းဥပဒေထွက်ရှိလာမှသာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ အတည်တကျ လိုင်စင်ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Credit: The Modern