စင်္ကာပူတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်အတွက် မြေကွက် ၁၂ ကွက် လေလံတင်ရောင်းချမည်

စင်္ကာပူတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်အတွက် မြေကွက် ၁၂ ကွက် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
25 Aug 2017 11:29 am တွင် တင်ခဲ့သည်
1176 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်အတွက် မြေကွက် ၁၂ ကွက် လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း စထရိတ်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စင်္ကာပူ စိုက်ပျိုးရေးနှင့် မွေးမြူရေးအာဏာပိုင်အဖွဲ့ (AVA) က စင်္ကာပူအနောက်မြောက်ပိုင်း လင်မ်ချူကန်ဒေသရှိ မြေကွက် ၁၂
ကွက်ကို ဟင်းသီးဟင်းရွက်စိုက်ပျိုးမည့်သူများအား ရောင်းချမည်ဖြစ်ပြီး လျှောက်လွှာပိတ်မည့်နေ့မှာ အောက်တိုဘာလ ၂၆ ရက်၊ မွန်းတည့်ချိန် ဖြစ်သည်။အသေးစိတ်စည်းမျဉ်းအချက်အလက်များကို AVA ရုံးချုပ် ဝန်ဆောင်မှုဌာနတွင် ရယူနိုင်သည်။

ယခုတင်ဒါခေါ်ယူမှုသည် ဈေးနှုန်းအပေါ်မူတည်၍ ရွေးချယ်သွားမည်မဟုတ်ဘဲ သက်ဆိုင်ရာပုဂ္ဂိုလ်တို့၏ စိတ်ကူးစိတ်သန်းကို သုံးသပ်ကာ ရွေးချယ်သွားမည်ဖြစ်ခြင်းကြောင့် ဈေးနှုန်းနှင့်စပ်လျဉ်း၍ အပြင်းအထန်ယှဉ်ပြိုင်ရခြင်းမျိုး မရှိနိုင်ချေ။
မြေကွက်တို့၏ ဈေးနှုန်းများမှာ ပုံသေသတ်မှတ်ထားပြီး နှစ် ၂၀ သက်တမ်းခွင့်ပြုထားသည်။

မြေကွက်များ၏ အကျယ်အဝန်းမှာ အနည်းဆုံး စတုရန်းမီတာ ၂၀၀၀၀ ရှိပြီး ဈေးနှုန်းမှာ တစ်စတုရန်းမီတာလျှင် ၁၃ ဒသမ ၆၂ ဒေါ်လာမှ ၁၄ ဒသမ ၉၂ ဒေါ်လာအထိ သတ်မှတ်ထားသည်။

စင်္ကာပူအနောက်မြောက်ပိုင်း Neo Tiew Lane ရှိ စတုရန်းမီတာ ၂၀၁၆၇ အကျယ်အဝန်းရှိ မြေကွက်အတွက်ဆိုလျှင် ဒေါ်လာ ၂၇၆၀၀၀ ကျသင့်မည် ဖြစ်သည်။

မြေကွက်များကို တန်ဖိုးသတ်မှတ်သည်မှာ စင်္ကာပူရာဖြတ်အကြီးအကဲရုံး၏ ပြည်တွင်းအခွန်ဦးစီးဌာနမှဖြစ်ပြီး အစိုးရက ရောင်းချခဲ့သည့် မြေယာဈေးနှုန်းများကို အကိုးအကားရယူထားသည်ဟု ဆိုသည်။

လျှောက်ထားမှုများကို ရွေးချယ်ရာတွင် ထုတ်လုပ်နိုင်စွမ်း၊ အတွေ့အကြုံ၊ စဉ်ဆက်မပြတ်တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် ဆန်းသစ်တီထွင်နိုင်စွမ်းရှိ၊ မရှိဟူသည့်အချက်များကို သုံးသပ်ရွေးချယ်သွားမည်ဟု ဆိုသည်။
လာမည့်နှစ်အနည်းငယ်အတွင်း ငုံးဥ၊ ပဲပင်ပေါက် အစရှိသည်တို့ ထုတ်လုပ်ရန် မြေကွက်များလည်း အငှားချထားရန် စီစဉ်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန်အတွက် မြေကွက် ၁၂ ကွက် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service