စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတိုးတက်စေပြီး ဒစ်ဂျစ်တယ်စနစ်တိုး မြှင့်ဖို့ ကမ္ဘောဇဘဏ်နဲ့ ကမ္ဘာ့ထိပ်တန်းဖြစ်တဲ့ VMware Inc.(NYSE:VMW) တို့ ပူးပေါင်းပြီး ဒေတာစင်တာနဲ့ နည်းပညာ အခြေခံဖွဲ့စည်းပုံစနစ်ကို ခေတ် မီစေဖို့ အဆင့်မြှင့်တင်မှာဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့ ရန်ကုန်မြို့နို ဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
ပြည်တွင်းရှိ အကြီးမားဆုံး ပုဂ္ဂလိက ဘဏ်ဖြစ်တဲ့ကမ္ဘောဇဘဏ်နဲ့ ကလောက်ဒ် နည်းပညာအသုံးချအခြေခံဖွဲ့စည်းပုံစနစ် နဲ့ စီးပွားရေး လုပ် ငန်းတွေကို နည်းပညာ အဆင့်မြှင့်တင်ပေးခြင်းတို့မှာ VMware Inc.(NYSE: VMW) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးလောကမှာ လုပ် ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ဘဏ်ရဲ့ ဒေတာစင်တာကို အသွင်ြေ ပာင်းလဲ ဆန်းသစ်မှာဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘောဇဘဏ်က နိုင်ငံတစ်ဝန်းဘဏ်ခွဲစုစုပေါင်း ၄၈၂ ဘဏ်နဲ့ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ ရုံးခန်းတွေမှာ အကျိုးရှိစေဖို့ သူတို့ရဲ့ နည်းပညာအခြေခံဖွဲ့စည်းပုံစနစ်ကို အဆင့် မြှင့် တင်မှာ ဖြစ်ပါတယ်။
အသွင်ပြောင်းလဲလိုက်တဲ့ လွယ်ကူ မြန်ဆန်စေတဲ့ ပတ်ဝန်းကျင်ကြောင့် ဘဏ်ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ ယုံကြည်စိတ်ချမှုရှိပြီး ဒစ်ဂျစ် တယ်နည်းပညာကို အသုံးပြုထားတဲ့ ဘဏ်လုပ်ငန်းနည်းစနစ်နဲ့ အပလီကေး ရှင်းမျိုးစုံနဲ့ အလုပ်လုပ်နိုင်တော့မှာဖြစ်ရာ ဘဏ်အတွင်း လုပ်ငန်းတွေကို ထိေ ရာက်ကျွမ်းကျင်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။
VMware မှ သတင်းအချက်အလက်နဲ့ နည်းပညာအထောက်အကူပြုေ ဆာ့ဖ်ဝဲတွေဖြစ်တဲ့ vSphere ®With Operations ManagementTM, vCloud,vRealize Operations Advanced , NSX®, Site Recovery ManagerTM ,AirWatch နဲ့ Horizon ပါဝင်တဲ့ Automation Software တွေနဲ့ ဖွဲ့စည်းထားတဲ့ Defined Data Center (SDDC) ကို အ သုံးပြုပြီး ကမ္ဘောဇဘဏ်က ဘဏ်ဝန်ဆောင်မှုအသုံးပြုသူတွေကို ပိုပြီးမြန် ဆန်ကာ လုံခြုံစိတ်ချမှုရှိတဲ့ ဘဏ်လုပ်ငန်း စနစ်နဲ့ ဒစ်ဂျစ်တယ်ဝန်ေ ဆာင်မှုတွေကို ဖြည့် ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက တံခါးဖွင့် ကြိုဆိုလာတာနဲ့ အမျှ နယ်ပယ်အသီးသီးမှာလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို နည်းပညာ အရ နှောင့်ယှက်မှုများရှိလာနိုင်တာကြောင့် ပိုမိုလုံခြုံမှုရှိစေဖို့အတွက် ကမ္ဘော ဇဘဏ်က VMware မှ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ငန်းဆောင် တာတွေကို နည်းပညာရပ်ဆိုင်ရာ လုံခြုံရေးစည်းမျဉ်းစည်းကမ်း (င်္ံCustomized Security Policies) တွေ ထားရှိပြီး ဘဏ်ရဲ့ အချက်အလက်နဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေအတွက် ကာကွယ်ပေးထားနိုင်တဲ့ NSX ® ပါဝင် တဲ့ အသွင် သစ်ပြောင်းလဲထားတဲ့ ကွန်ရက်ကနေတစ် ဆင့် အချက်အလက်ေ တွကို လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ လုံခြုံ ရေးထပ်မံတိုးမြှင့်ေ ပးထားကြောင်း သိရပါတယ်။
Credit: The Kumudra