နိုင်ငံတွင်း စာရင်းရှိစက်မှုလုပ်ငန်းအရေအတွက်က ၄၇၀၀၀ ကျော်အထိရှိတယ်လို့ အသေးစားအလတ်စားစက် မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန တာဝန်ရှိသူတွေထံကသိရပါတယ်။
အသေးစားအလတ်စားလုပ်ငန်းကဏ္ဍမြင့်တင်ဖို့အတွက်
နိုင်ငံအတွင်းပြန့်နှံတည်ရှိနေတဲ့ လုပ်ငန်းအရေအတွက်
ကို တိတိကျကျစာရင်းရှိရမှာဖြစ်ပြီး ယင်းအတွက်
SMEs Center အနေနဲ့ တိုင်းနယ်ပြည်နယ်တွေမှာ
စာရင်း ကောက်ယူမှုတွေကို တိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယင်းဌာနညွှန်ကြားရေးမှုချုပ်ဒေါ်အေးအေးဝင်းက “ စက်
မှုလုပ်ငန်းကြီးပဲပြောရရင် အရင်စာရင်းကောက်ထားတာ ၄၆၀၀၀ လောက်က အခုတစ်ထောင်လောက်ပိုတိုးလားပြီ၊ စက်မှုလုပ်ငန်းကလစဉ် ၃၀၀ လောက် ပုံမှန် တိုးနေပါတယ်”လို့ပြောပါတယ်။
လက်ရှိစာရင်းကောက်ယူမှုမှာ အသေးအစား၊အလတ်
စားလုပ်ငန်းတွေကိုပါ ဖြည့်စွပ်စာရင်းကောက်ယူနေတာ
ကြောင့် စာရင်းရှိ SMEs လုပ်ငန်းအရေအတွက်က ၆
သောင်း ၃ ရာကျော်အထိရှိတယ်လို့လည်း သိရပါတယ်။
နိုင်ငံတွင်းမှာအမှန်လုပ်ကိုင်နေတဲ့ လုပ်ငန်းအမျိုးအစားနဲ့ စာရင်းအတိအကျသိမှာသာ အလားအလာရှိတဲ့လုပ်
ငန်းတွေကို ခွဲထုတ်ပြီး ပိုမိုတိုးတက်လာအောင် နည်းပညာ၊ငွေကြေးအထောက်အပံနဲ့ ဈေးကွက်အ
ချက်အလတ် တွေကို ကူညီပေးလို့ရမှာဖြစ်တယ်
လို့လည်း သိရပါတယ်။
Credit: SFJ Strategy First