အခွန်နှုန်း တိုးမြှင့်သတ်မှတ်ထားသည့် မြန်မာ့အကောက်ခွန်နှုန်း စာရင်း အသစ်အား အောက်တိုဘာ ၁ ရက်၌ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန် ကြား ရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက ပြော ဆိုသည်။
'' ကုန်သွယ်မှု အသိုက်အဝန်းမှာ ပါတဲ့သူတွေအနေနဲ့ ကုန်သွယ်မှု လျင်မြန်ေ ချာမွေ့စေရေး သဘောတူညီချက်ကို အကောင်အထည်ဖော် ပါဝင်ဆောင် ရွက်တဲ့နေရာမှာ အရေးပါတဲ့ အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်''ဟု ၄င်းက ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် သြဂုတ် ၂၁ ရက်၌ပြုလုပ်သော မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂ဝ၁၇ ရှင်းလင်းေ ဆွးနွေးပွဲတွင် ပြောဆိုသည်။
WCO HS 2017 နှင့် AHTN HS 2017 ပြင်ဆင်ချက်များကို အခြေခံပြီး ထုတ် ထားသည့် အဆိုပါစာအုပ်အား အပိုင်းသုံးပိုင်းဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ပထမအပိုင်း စာအုပ်အား စက်တင်ဘာလဆန်းပိုင်းတွင် စတင်ဖြန့်ချိမည်ဖြစ် သည်။
အဆိုပါပြင်ဆင်ထားသည့် အကောက်ခွန် နှုန်းထားစာရင်းအသစ်တွင် ၂ဝ၁၂ တွင်ပါရှိ သည့်အချက်များမှ ၂၃၃ ချက်အား ပြင်ဆင်ထား ရှိပြီး အခွန်နှုန်းန ည်းနေသည့် ကုန်စည်များ အား တိုးမြှင့်သတ်မှတ်ထားပြီး၊ အခွန်နှုန်းထား များနေသည့် ကုန်စည်များအား လျှော့ချပေး ထားသည်။
''အဓိကအချက်ကတော့ ၂ ရာခိုင်နှုန်း အောက်ဟာတွေက အခွန်မရဘူး။ သုညလည်း မဟုတ်ဘူး။ ဒါကြောင့် အခွန်အရမ်းနည်း တဲ့ဟာတွေကို ပြင် လိုက်တယ်။ အရင်က နှုန်း ထားတွေ သတ်မှတ်ထားတာတွေက အများ ကြီး ရှိတဲ့ဟာတွေကို ပေါင်းလိုက်ပြီးတော့ သုည ဒသမ ၅ တွေကို ၃၊ ၅၊ ၁ဝ၊ ၁၅၊ ၂ဝ၊ ၃ဝ၊ ၄ဝ ဒါမျိုးတွေကို ပြောင်းလဲလိုက်တယ်''ဟု မန္တလေးတိုင်း အကောက် ခွန်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပြောဆိုသည်။
လက်ရှိကျင့်သုံးနေသည့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း 2012 WTO Trade Policy Review အရ မြန်မာနိုင်ငံ၏ Tariff Structure အား WOT Bound Tariff နှင့်နှိုင်းယှဉ်ချက်အရ MAXI-MUM Bound Tariff မှာ ၅၅ဝ ရာခိုင်နှုန်း ဖြစ်သော်လည်း အသုံးချမှုမှာ ၅ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယားနိုင်ငံများထက် သတ်မှတ် အခွန်နှုန်းထားများ လျော့နည်းလျက်ရှိသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး အတွက် ကုန်ကြမ်းတင်သွင်းခြင်းထက် ကုန်ချော တင်သွင်းရာတွင် ပေးဆောင်ရမည့် အကောက် ခွန်နှုန်းထား များ လျော့နည်းခြင်းများ၊ မဆီ လျော်သည့် အကောက်ခွန်နှုန်းများ ပြင် ဆင် နိုင်ရေးအတွက် လွှတ်တော်သို့ အဆိုပြုထား ကြောင်း သိရသည်။
Credit: Myanmar Time