ကမ္ဘာပေါ်ရှိ အချို့သောနေရာများ သည် လူနေထိုင်ရန်မဖြစ်သည့်နေရာများ
ဟု သတ်မှတ်ခံထားရသော်လည်းယင်း တွင် နေထိုင်သည့်လူများလည်း ရှိနေ သည်။ဥပမာအားဖြင့်ဖိလစ်ပိုင်ပင်လယ်ရှိအိုဂရှီမာမီးတောင်ဝတွင်တည်ထား
သည့် ဂျပန်ရွာမျိုးဖြစ်သည်။
ယင်းမီးတောင် နောက်ဆုံးပေါက်ကွဲခဲ့သည်မှာ ၁၇၈၀ ပြည့်လွန်နှစ်များကဖြစ်သည်။ ပေါက် ကွဲမှုကြောင့် မီးတောင်ကျွန်းတွင် နေထိုင် သူ၃၂၇ ဦးအနက် ထက်ဝက်မှာ သေကျေ ပျက်စီးသွားရသည်။
နှစ်ပေါင်း ၅၀ ကျော်ကြာသည့်အခါ ယင်းနေရာကို စွန့်ခွာထွက်ပြေးသွားသူများ ပြန်လာကာပြန်လည်နေထိုင်ကြသည်။ လက်ရှိတွင် အဆိုပါနေရာ၌လူပေါင်း ၂၀၀ ခန့် အရဲစွန့်နေထိုင်လျက်ရှိသည်။
တိုကျိုမြို့တောင်ဘက် ၂၂၂ မိုင်အကွာရှိ ထိုရွာကို ဂျပန်အစိုးရကအုပ်ချုပ်သည်။ အကျယ် စတုရန်းမိုင် ၃ ဒသမ ၃၈ ရှိ သည့် ထိုနေရာတွင်လူများ မည်သို့စတင် နေ ထိုင်လာပုံကို ရှင်းရှင်းလင်းလင်း မသိ ရပေ။
ယင်းကျွန်းရှိ ဒေသခံအများစုသည် ဂျပန်လူမျိုးများဖြစ်ကြသည်။ဒေသခံများ သည် ငါးဖမ်းလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း
တို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြသည်။ အထက်ပါမီး တောင်ကျွန်းကိုခရီးသွားအချို့လည်း လာရောက်လေ့လာကြသည်။
ယင်းနေရာ သို့သင်္ဘောဖြင့်သွား၍ရသော်လည်း လှိုင်း ကြီး လေထန်သည့်ရာသီတွင် သင်္ဘော ခုတ်မောင်း၍မရပေ။
ရဟတ်ယာဉ်ငှားပြီး လည်း ထိုနေရာသို့သွားနိုင်သေးသည်။
Credit: Pyi Myanmar