ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း အပိုင်း ၂တွင် အခန်းများဝယ်ယူထားရန် လျှောက်ထားသူ လျှောက်လွာစောင်ရေ၅ထောင်ကျော်အထိ ရှိသွားပြီဖြစ်သောကြောင့် မဲဖောက် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြောက်ဒဂုံမြို့နယ်တွင်တည်ရှိသော ဗိုလ်ဗထူးအိမ်ရာအပိုင်း (၂) တွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံး၊ အခန်းစုစုပေါင်း ၈၆၄ ခန်းပါ ၀င်မည်ဖြစ်၍လျှောက်ထားသူများပြားသဖြင့် မဲဖောက်ရောင်းချမည်ဖြစ်သည်။
မဲဖောက်ရောင်းချခြင်းကို အစိုးရ၀န်ထမ်း ၊ အငြိမ်းစားဝန်ထမ်း ၊ကုမ္ပဏီဝန်ထမ်းများကို စက်တင်ဘာ၇ရက်တွင် မြို့တော်ခန်းမ၌ မဲဖောက်ရောင်းချမည်ဖြစ်ကာ အများပြည်သူကို စက်တင်ဘာ
၈ရက်တွင် ရောင်းချသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှသတင်းထုတ်ပြန်သည်။
ယခုလျှောက်ထားသူများထဲတွင် ပထမအသုတ်ဖြစ်သည့် ဗိုလ်ဗထူး နှင့် ဗိုလ်မင်းရောင်အိမ်ရာအပိုင်း ၁ တွင် ၀ယ်ယူသူများ မဖြစ်ရန်
လိုအပ်ကြောင်း သတ်မှတ်ထားသည်။
ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်း များသည် ၉၂၇ စတုရန်းပေ၊ ၈၂၇ စတုရန်းပေ၊ ၆၁၄စတုရန်းပေ၊၅၁၄စတုရန်းပေဟူ၍အကျယ်အ၀န်း
အမျိုးအစားလေးမျိုးရှိသည်။
အကျယ်အ၀န်းပေါ်မူတည် ၍ တိုက်ခန်းများ၏ တန်ဖိုးကို ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန် ကနဦးသတ်မှတ်ထားသည်။
ဝယ်ယူလိုသူများ အနေဖြင့် အရစ်ကျစရိတ် (သို့မဟုတ်) ဘဏ်ချေးငွေဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာအပိုင်း (၁) ရောင်းချစဉ်တွင် အများစုက စိတ်ဝင်စားမှု ရှိခဲ့၍ အပိုင်း (၂) ကို
ဝယ်ယူလိုသည့်ပမာဏများပြားခဲ့ခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com