မြို့ပြရန်ကုန်၏ အနေအထားအရ စုပေါင်အိမ်ရာပိုင်ဆိုင်မှုဥပဒေ Apartment Law သည် အမှန်တကယ်လိုအပ်သော ဥပဒေတစ်ရပ်ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဗဟိုမှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦး မှ သုံးသပ်ပြောဆိုသည်။
""ခုသတင်းတွေမှာပါလာတဲ့apartmentlawကဆွဲကိုဆွဲရမှာ။ဘာကြောင့်လဲ
ဆိုရင်ရန်ကုန်မှာတိုက်ခန်းတွေအများကြီးပဲ။ပိုင်ဆိုင်မှုမှာအခုလိုမျိုးစုပေါင်း
အိမ်ရာပိုင်ဆိုင်မှုဥပဒေရှိလာရင်ခိုင်ခိုင်မာမာဖြစ်တာပေါ့။ရှိသင့်တယ်လို့မြင်တယ်။ဥပဒေတွေအကောင်အထည်ဖော်ရာမှာလည်းလျင်လျင်မြန်မြန်
အကောင်ထည်ဖော်နိုင်ဖို့လိုတယ်။""ဟု ဦးသန်းဦးမှ ပြောသည်။
စုပေါင်းပိုင် တိုက်ခန်းအိမ်ရာ ဥပဒေမူကြမ်း ရေးဆွဲကာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှတဆင့် လွှတ်တော်သို့ အမြန်ဆုံး တင်ပြနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလိုင်စင်ရ
ကန်ထရိုက်တာများအသင်းဥက္ကဌဦးကျော်ဝင်းပြောဆိုထားကြောင်သတင်းများကဖော်ပြထားသည်။ယနေ့ကာလအထိ အစိုးရအနေဖြင့် အိမ် ခြံ မြေ နှင့်ဆက်စပ်သောဥပဒေများအကောင်အထည်ဖော်နိုင်မှုမှာအားနည်းနေဆဲဖြစ်ကြောင်းသိရသည်။
""လောလောဆယ်မှာကွန်ဒိုဥပဒေထွက်ဖို့ကြာနေတယ်။နှစ်နှစ်ကျော်နေပြီ။နောက်ပြီး အသင်းတွေက တင်ပြတဲ့ အိမ် ခြံ မြေဝန်ဆောင်မှုဥပဒေတွေ ခုထိ ထွက်မလာသေးဘူး၊အခုစုပေါင်းအိမ်ရာပိုင်ဆိုင်မှုဥပဒေလုပ်မယ်ပေါ့။အားလုံးကတော့ ကောင်းဖို့လုပ်တဲ့ဥပဒေတွေဖြစ်တဲ့အတွက် မြန်မြန်ထွက်လာဖို့ပဲမျှော်လင့်တယ်။""ဟု အိမ် ခြံ မြေ လောကသားတစ်ဦးဖြစ်သူ ဦးအောင်သန်းမှသုံးသပ် ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com