ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ ယခင်စစ်သမိုင်းပြတိုက်နေ ရာတွင် ဟိုတယ်ကြီးတစ်ခုအပါအဝင် ခေတ်မီရုံးခန်းများ၊ ဈေးဝယ်စင်တာ များပါဝင်သော ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခု ဆောက်ရန် ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း စီမံကိန်းကို အကောင်အထည်ဖော်မည့် ဖူဂျိတ ကော် ပိုရေးရှင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုစီမံကိန်းကို Okura Prestige Yangon ဟု မှည့်ခေါ်ထားပြီး ဂျပန်နိုင်ငံ အခြေစိုက် ဖူဂျိတကော်ပိုရေးရှင်း၊ တိုကျိုတတဲမိုနို့ကုမ္ပဏီ၊ ဂျပန်နိုင်ငံရပ်ခြား အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းတို့နှင့် မြန်မာနိုင်ငံက ဧရာဟင်္သာလုပ်ငန်းစု လက်အောက်ရှိ ရန်ကုန် နည်းပညာနှင့် ရောင်းဝယ်ေ ရး (Yangon Technical & Trading) ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံမည်ဖြစ် သည်။ စီမံကိန်းကို ယခုလအတွင်း လုပ်ငန်းဆိုင်ရာ သဘောတူ စာချုပ် ချုပ် ဆိုမည်ဖြစ်ကြောင်း အိုကူရာဟိုတယ် ပြောရေးဆိုခွင့်ရှိသူ မစ ရှိုခိုအာမနို က ပြောသည်။
အကျယ်အဝန်း ၁၆,ဝဝဝ စတုရန်းမီတာရှိသော ယခင်စစ်သမိုင်းပြတိုက် ၏ မြေနေရာတွင် တည်ဆောက်မည့် ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၅ သန်း (ဂျပန်ယန်း ၃၇ ဒသမ ၇ ဘီလျံ) ရင်းနှီးမြှုပ်နှံမည်ဖြစ် သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ယင်းစီမံကိန်းအတွက် ခွင့်ပြုမိန့်ရရှိ ပြီး ဖြစ်ကာ စီမံကိန်းတွင် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၉၂,ဝဝဝ ရှိမည်ဖြစ်ကြောင်း မစ အာမနိုက ပြောသည်။
လက်ရှိတွင် ယခင်ပြတိုက်အဆောက်အအုံ ဖြိုချနေသည်ကို လေ့လာတွေ့ ရှိရပြီး ဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါစီမံကိန်းကို ၂ဝ၂ဝ ပြည့်နှစ် တွင် အပြီးတည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို ယခုနှစ် တွင်ပင် စတင်မည်ဟုပြောသည်။
အဆိုပါစီမံကိန်းကို ဖူဂျိတကော်ပိုရေးရှင်းက တည်ဆောက်မည်ဖြစ်ပြီး အ ဆင့်မြင့်ရုံးခန်းများနှင့် ဈေးဆိုင်ခန်းများကို တိုကျိုတတဲမိုနို့ကုမ္ပဏီက စီမံခန့်ခွဲ မည်ဖြစ်ကာ ဟိုတယ်ကို ဂျပန် အိုကူရာ ဟိုတယ်လုပ်ငန်းစုက စီမံခန့်ခွဲမည် ဟုလည်း သိရသည်။
ဟိုတယ်ကို စီမံခန့်ခွဲရန် ဆောက်လုပ်ရေးလုပ်ငန်းရှင် နှင့် အိုကူရာအုပ်စုတို့ ယခုလအတွင်း သဘောတူလက်မှတ် ရေးထိုးမည်ဟု မစအာမနိုက ပြော သည်။
တည်ဆောက်ပြီးချိန်တွင် စီမံကိန်းတွင်ပါဝင်မည့် ဟိုတယ်ကြီးသည် မြေေ အာက်ထပ်နှစ်ထပ်နှင့် မြေပေါ်အထပ် ကိုးထပ်ပါဝင်မည်ဖြစ်ပြီး ဟိုတယ် အခန်း ၃၉ဝ နှင့် ရက်ရှည်ငှားရမ်းနေထိုင်သူများအတွက် အခန်း ၁၃ဝ ခန့်ရှိ မည်ဖြစ်ကြောင်းလည်း တိုကျိုတတဲမိုနို့ နှင့် ဂျပန်နိုင်ငံရပ်ခြား အခြေခံအေ ဆာက်အအုံရင်းနှီးမြ§ုပ်နှံမှုကော်ပိုရေးရှင်းတို့၏ ဥက္ကြ မစ္စတာ တာကုမာ ဟာ တနိုက ပြောသည်။
အခြားတစ်ဖက်တွင်မူ ယခင်အစိုးရလက်ထက်၌ ရွှေတိဂုံဘုရားအနီးရှိ အ ဆင့်မြင့်အိမ်ရာ စီမံကိန်းကြီးငါးခုသည် စေတီတော်ကြီးအား ဖူးမြင်ရ သည့် မြင်ကွင်းကို ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် ဆောက်လုပ်ခွင့်ကျပြီးြ ဖစ်သော်လည်း ခွင့်ပြုချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည့် ဖြစ်ရပ်ရှိခဲ့ဖူး သည်။ နောင်တွင် ယင်းစီမံကိန်းများအနက် အချို့ကို အထပ်လျှော့ တည်ေ ဆာက်စေပြီး အချို့ကို နေရာပြောင်းရွှေ့တည်ဆောက်စေခဲ့သည်။
ယခုစီမံကိန်းသည် ရွှေတိဂုံစေတီတော်နှင့် နှစ်ကီလိုမီတာကျော်သာ ကွာဝေး သည်။
Credit: Myanmar Time