လက်ရှိရေးဆွဲနေဆဲ ကွန်ဒိုနည်းဥပဒေကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ေ ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
''လက်ရှိကာလနဲ့လည်း လိုအပ်နေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးဖြစ်အောင် ရေးဆွဲနေပါတယ်။ ဒီတစ်လ၊ နှစ်လဝန်းကျင်မှာပဲ နည်း ဥပဒေကို ထုတ်ပြန်နိုင်မယ်လို့ထင်ပါတယ်။ ရုံးလုပ်ငန်း သဘောတရားအရ တစ်လဝန်းကျင် လောက်တော့ ကြာဦးမှာပါ''ဟု ၄င်းက ပြောသည်။
ကွန်ဒိုနည်းဥပဒေကို လက်တွေ့ကျင့်သုံးရာတွင် အဆင်ပြေဆုံးဖြစ်စေရန်ေ ရးဆွဲထားပြီး ပိုမိုပြည့်စုံစေရန် တာဝန်ရှိသူများနှင့် ဆွေးနွေး နေသည့်အတွက် ထုတ်ပြန်ရန် အချိန်ကြာမြင့် နေရခြင်းဖြစ်ကြောင်း ဦးမင်းထိန်က ပြောသည်။
ကွန်ဒိုနည်းဥပဒေတွင် ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူခွင့်ကိုပါ ထည့် သွင်းရေးဆွဲထားသည့်အတွက် ဝယ်ယူသူများအတွက်ရော၊ ရောင်းသူများ အ တွက်ပါ အကျိုးရှိမည်ဟု မျှော်လင့်ကြောင်း ၄င်းက ဆိုသည်။
ကွန်ဒိုဥပဒေကို ပြီးခဲ့သည့် အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာနက စတင်ရေးဆွဲခဲ့ပြီး လွှတ်တော်နှစ်ရပ်အကြား အငြင်း ပွားမှုများ၊ ပြင်ဆင်မှုများဖြင့် သုံးနှစ်ကျော် ကြာမြင့်ပြီးမှ ဥပဒေပြဌာန်းနိုင် ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ် ပြဠာန်းပြီးပါက ရက်ပေါင်း ၉ဝ အတွင်း နည်းဥပဒေထွက်ရှိရမည်ဟု သတ်မှတ်ထားသော်လည်း ကွန်ဒို နည်းဥပဒေမှာ ဥပဒေအဖြစ် ပြဌာန်းပြီး တစ်နှစ်ကျော် ကြာမြင့်သည်အထိ ဥပဒေအဖြစ် မပြဠာန်းနိုင်သေးပေ။
လက်ရှိကွန်ဒိုတိုက်ခန်းဈေးကွက်အခြေအနေမှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြိုပွိုင့်ရောင်းစနစ် နည်းပါးလာပြီး အရောင်းအဝယ်တွင်လည်း အေး လျက် ရှိသည်ဟု အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦး ရန်အောင်က ပြောသည်။
လက်ရှိတွင် ကွန်ဒိုဥပဒေ ပြဠာန်းပြီးအချိန်နှင့် မပြဠာန်းခင်အချိန်ကို ကြည့် မည်ဆိုလျှင် ဈေးကွက် အခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေးဟုလည်း ၄င်းက ဆိုသည်။
''ကွန်ဒိုနည်းဥပဒေက နိုင်ငံခြားသားတွေ ၄ဝ ရာခိုင်နှုန်း ပိုင်ဆိုင်မှုရှိဖို့ကို ဦး စားပေးထားတာ တွေ့ရတယ်။ ဒါကြောင့် နည်းဥပဒေ ထွက်လာခဲ့ပြီးရင်ေ တာင် ပြည်တွင်း နေစရာလိုအပ်နေတဲ့ သူတွေအတွက် သိပ်ပြီး အထောက် အကူဖြစ်မှာ မဟုတ်ဘူး''ဟု ဦးရန်အောင်က ပြောသည်။
ကွန်ဒိုနည်းဥပဒေသည် နိုင်ငံခြားသားဝယ်ယူမှုကို ဦးစားပေးဆောက်လုပ်ေ သာ ကန်ထရိုက်များအပေါ် သက်ရောက်မှုရှိမည် ဖြစ်သော်လည်း သာ မန်ပြည်တွင်း ဝယ်ယူမှုကို ဦးစားပေးဆောက်လုပ်သော ကန်ထရိုက်များ အပေါ် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဟု ၄င်းက ဆိုသည်။
''နည်းဥပဒေမှာ နိုင်ငံခြားသား ဝယ်ယူမှုကို ဦးစားပေးခဲ့ရင်တောင် သူတို့ေ တွရဲ့ ပိုင်ဆိုင်ခွင့်တွေကို သေချာရေးဆွဲပေးဖို့ လိုလိမ့်မယ်။ ဒီလိုမှမဟုတ် ဘဲ ဈေးတွေ အရမ်းကြီးပြီးတော့ ခံစားပိုင်ခွင့်တွေက နည်းတယ်ဆိုရင် သူတို့ လည်း စိတ်ဝင်စားမှာမဟုတ်ဘူး''ဟု ဦးရန်အောင်က ပြောသည်။
Credit: Myanmar Time