ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏တင်ဒါစနစ်သစ်စတင်မှုတွင်ပထမဦးဆုံး တင်ဒါခေါ်ယူမှုအဖြစ်ကျပ်သန်းပေါင်း၂၈၃၈ကျော်ဖြင့်စတင်ခဲ့ပြီးနောက်ထပ်မံပြီး
ငမိုးရိပ်တံတားတည်ဆောက်မှုစီမံကိန်းအပါအဝင် ကျပ်သန်း၅ဝဝဝခန့် အသုံးပြုမည့်စီမံကိန်းခြောက်ခုအတွက်တင်ဒါထပ်မံခေါ်ယူထားကြောင်း
သိရသည်။
ရန်ကုန်တိုင်းအစိုးရ၏တင်ဒါစနစ်သစ်ဖြင့် ထပ်မံခေါ်ယူလိုက်သည့်စီမံကိန်းများမှာ ဒဂုံမြို့သစ်မြောက်ပိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏အဆောက်အအုံသုံးလုံးအကြီးစားပြင်ဆင်ခြင်း အတွက် ကျပ်သန်း၎ဝဝ၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး)မှ ယာဉ်လေးစီးဝယ်ယူခြင်းအတွက်ကျပ်၁၁၅သန်း၊ရွှေပြည်သာမြို့နယ်ရှိအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးတွင် ပေ၂ဝ ပေ၄ဝအဆောက်အအုံတစ်လုံးဆောက်လုပ်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း၊ခြံခတ်ခြင်းများအတွက်ကျပ် ၂၄ဒသမ ၆ဝသန်းအသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ကျပ်သန်း၇ဝ အသုံးပြုမည့်လှိုင်သာယာမွေးမြူရေးဇုန်ရှိ အဆောက်အအုံနှစ်လုံးတွင်ရေ၊ မီးဆက်သွယ်ခြင်းလုပ်ငန်းနှင့် ယင်းဇုန်တွင်ပင် သွပ်မိုးအဆောက်အအုံနှစ်လုံးတည်ဆောက်ခြင်းအတွက်
ကျပ်သန်း၃၇၅သန်းအသုံးပြုမည့် စီမံကိန်းများအတွက်တင်ဒါစနစ်သစ်ဖြင့် ခေါ်ယူခဲ့ကြောင်းသိရသည်။
ကျပ်သန်း၎ဝဝဝအထိအသုံးပြုကာ တည်ဆောက်မည့်ငမိုးရိပ်တံတားမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ကိုဆက်သွယ်မည့် တံတားဖြစ်ပြီးယင်းချောင်းကူးတံတားအတွက်တင်ဒါကိုသြဂုတ်၃ဝရက် အထိ
ယှဉ်ပြိုင်တင်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏တင်ဒါစနစ်သစ်စတင်မှုတွင် ပထမတင်ဒါခေါ်ယူမှုအဖြစ်ကျပ်သန်းပေါင်း ၂၈၃၈ကျော်အသုံးပြုမည့်စီမံကိန်းငါးခုဖြင့် စတင်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် တင်ဒါခေါ်ယူရွေးယူရွေးချယ်ခြင်းလုပ်ငန်းစဉ် များကိုလက်ရှိ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်မှ စတင်ပြီး
အစိုးရအဖွဲ့၏စုပေါင်းတင်ဒါခေါ်ယူမည်ဖြစ်ပြီးတင်ဒါတင်သွင်းမည့်သူများအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာများမှ ခေါ်ယူသောတင်ဒါနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များကိုတင်ဒါ
Website tender.yangon.gov.mm တွင် ကြည့်ရှု့ရှာဖွေခြင်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Credit :Daily Eleven