ကမ္ဘာ့ဦးဆောင် contract logistics provider (ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း) ဖြစ်တဲ့ DHL Supply Chain ဟာဆိုရင် လာမယ့် ၂၀၂၀ မတိုင်ခင် မြန်မာ၊ထိုင်း၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၂ သန်း(ထိုင်းဘတ် ၂ ဒသမ ၇ ဘီလီယံ) ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားတော့မယ်ဆိုပြီး ထုတ်ပြန်သွားပါတယ်။
အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တဲ့ အဆိုပါ မဟာမဲခေါင်ဒေသ နိုင်ငံလေးနိုင်ငံမှာ DHL အနေနဲ့ ယင်းရဲ့ဝန်ထမ်းဦးရေပိုင်း
မှာ တိုးချဲ့သွားဖို့ရှိပြီး ၂၀၂၀ မတိုင်ခင် ယခုထက် ၄၀ ရာခိုင်နှုန်းပိုများပြီး အကြမ်းဖျင်းအားဖြင့် ၁၇,၀၀၀ ထိ တိုးချဲ့သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
အလားတူ ယခုနှစ်ထဲမှာလည်း ယင်းလုပ်ငန်းကြီးအနေနဲ့မြန်မာနိုင်ငံထဲကို အပြည့်အ၀ ၀င်ရောက်တိုးချဲ့လုပ်ကိုင်သွားတော့မှာ ဖြစ်ပါတယ်။
အထက်ပါ နိုင်ငံလေးနိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း၊ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာတော့ နောက်ထပ်ဝန်ထမ်းဦးရေ ၅,၀၀၀ ထိ ထပ်မံခန့်ထားမှာဖြစ်တယ်လို့ DHL supply chian ရဲ့ ထိုင်းလုပ်ငန်းခွဲ စီအီးအို Kevin Burrell က ပြောပါတယ်။Deutsche Post DHL Group အောက်မှာ ရှိနေတဲ့ အဆိုပါ DHL supply chian အနေနဲ့ ယခု သုံးနှစ်တာကာလအတွင်း ဘတ် ၂ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ယင်းရဲ့ ကုန်သိုလှောင်ရုံကွန်ရက်နဲ့ ထရပ်ကားအရေအတွက်ကိုပါ ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ယင်းဒေသတွင်းမှာ နှစ်စဉ်ဝင်ငွေ တိုးတက်မှု ၁၀ ရာခိုင်နှုန်းထိရရှိဖို့ကိုလည်းရည်မှန်းချက်ထားထားတယ်လို့လည်း သိရပါတယ်။
DHL supply chian အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်သွားနိုင်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီကနေ
လုပ်ငန်းခွင့်ပြုချက်တစ်ခုကိုလည်း ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် အဆိုပါကုမ္ပဏီအနေနဲ့ ၀န်ထမ်းဦးရေ ၅၀၀ ငှားရမ်းခန့်ထားဖို့ စီစဉ်နေပြီး ၂၀၂၀ မတိုင်ခင် ထရပ်ကားစီးရေ ၁၅၀ လောက်ထိ ထပ်တိုးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First