တရုတ်နိုင်ငံ၊ ဟီဘေးပြည်နယ်၊ ရှောင်အန်းဒေသ၊ ပိုင်ယန်ရေကန်အနီးမှာ အသစ်တည်ဆောက်ထားတဲ့အဆောက် အအုံကြီးက ရွှေအဆင်းရှိတဲ့ ဧရာမလိပ် ကြီးတစ်ကောင် မြစ်ကမ်းပေါ်တက်လာတဲ့ ပုံစံမျိုး ဖန်တီးထားတဲ့အဆောက်အအုံ ကြီးဖြစ်ပါတယ်။
အဆောက်အအုံရဲ့ အကျယ်အဝန်းက ၁၆၈၀စတုရန်းမီတာ (၁၈၀၈၃ စတုရန်းပေ)ရှိပြီး အရှည် ၂၂၃ပေ၊ အကျယ် ၁၅၀ပေ၊ အမြင့် ၅၉ ပေရှိတဲ့ လိပ်ပုံသဏ္ဍာန်အဆောက်အအုံ ကြီးဖြစ်ပါတယ်။
ခရီးသွားတွေကို ဆွဲ ဆောင်နိုင်ဖို့အတွက် ရည်ရွယ်တည် ဆောက်ထားတဲ့ အဆောက်အအုံကြီး ဖြစ်ပြီး ပြတိုက်သဖွယ်အသုံးပြုသွားမယ့် အဆောက်အအုံကြီးဖြစ်တယ်လို့သိရပါ တယ်။
ထူးခြားပြီး အသက်ဝင်လှတဲ့ ဧရာမ ရွှေအဆင်းသဏ္ဌာန် လိပ်ပုံကြောင့် လူ အများစိတ်ဝင်စားမှုရှိနေတဲ့ အဆောက် အအုံကြီးဖြစ်လာခဲ့ပြီး ယနေ့ချိန်ထိ အများပြည်သူ လာရောက်လည်ပတ်လေ့ လာဖို့ဖွင့်လှစ်ခြင်းမရှိသေးဘူးလို့သိရပါ တယ်။
တရုတ်ရိုးရာယုံကြည်မှုတွေအရ လိပ်က စီးပွားလာဘ်လာဘတိုးများစေ တယ်လို့သိရပြီး ရွှေလိပ်ပုံအရုပ်တွေကို ဆောင်တဲ့ အလေ့အထလည်းရှိတယ်လို့ သိရပါတယ်။
Credit: Pyi Myanmar