ပိုမိုကောင်းမွန်သော အများပြည်သူဆိုင်ရာ ကြွေးမြီစီမံခန့်ခွဲမှု၊ အခွန်တိုး တက်ကောက်ခံနိုင်မှုနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့် ခွဲမှုဆိုင်ရာများ ပါဝင်သည့် အစီအစဉ်များကို ကူညီရန် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အတိုးမဲ့ချေးငွေေ ဒ်ါလာ သန်း ၂၀၀ ထုတ်ပေးမည်ဟု လက်မှတ်ရေးထိုးလိုက်သည်။
မြန်မာနိုင်ငံ၏ပထမဆုံး မက်ခရို စီးပွားရေး တည်ငြိမ်မှုနှင့် ဘဏ္ဍာရေး ကိုယ် ခံစွမ်းအားတိုးတက်ရေး မူဝါဒလုပ်ငန်းသည် ရေ ရှည် ငြိမ်းချမ်းရေးနှင့် စီးပွား တိုးတက်ရေးတို့အတွက် လိုအပ်သော စီးပွားရေးအပြောင်းအလဲများကို အရှိန်ြ မှင့်တင်ပေးရန် ရည်ရွယ်သည်။
မူဝါဒတွင် ပါဝင်သော ပြုပြင်ပြောင်းလဲရေးများ အရ မြန်မာနိုင်ငံသည် ပြည် သူ့ကြွေးမြီ စီမံခန့်ခွဲမှု တိုးတက်ရေး၊ နိုင်ငံပိုင် စီး ပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးစည်းမျဉ်းများ ပိုမိုကောင်းမွန်ရေး၊ ပိုမိုထိရောက်သော ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု လုပ်ငန်း စဉ်ဖြစ်ပေါ်လာရေးတို့ကို လုပ်ဆောင်မည်ဖြစ်သည်။
ဘဏ္ဍာရေးကိုယ်ခံစွမ်းအားဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများသည် အခွန်ရရှိမှု တိုးတက်ရေး၊ သဘာဝဓာတ်ငွေ့ ဝင်ငွေ စီမံ ခန့်ခွဲမှု တိုးတက်ရေးနှင့် ပြည် သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတိုးတက်ရေးတို့ကို လုပ်ဆောင်ရန် ရည်ရွယ်သည်။
“ဒီ ပထမဆုံး ဘဏ္ဍာငွေခွဲဝေမှုဆိုင်ရာ အကူအညီဟာ စီးပွားရေးစီမံခန့်ခွဲမှု ကို ခေတ်မီစေပြီး ပိုမိုထိရောက်တဲ့ နိုင်ငံတခု တည်ဆောက်ရာမှာ အေ ထာက်အကူပြုပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏နိုင်ငံဆိုင်ရာ ဒါရိုက်တာ Ellen Goldstein က ပြော သည်။
“ မြင့်မားတဲ့ရင်းနှီးမြှုပ်နှံမှုအားလုံးအတွက် အကျုံးဝင်သော စီးပွားရေးတိုး တက်မှုနဲ့ အလုပ်အကိုင် ဖော်ထုတ်နိုင်မှုတို့ အ တွက် အရေးပါတဲ့ စီးပွားရေး တည်ငြိမ်မှု ထိန်းသိမ်းရေး အစီအမံများနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင် မှုများ ပေးပို့ရေးမှာ တိုးတက်ကျယ်ပြန့်စေမယ့် အစီအမံတွေ ဒီအစီအစဉ်မှာ ပါဝင်ပါတယ် “ ဟုလည်း သူပြောသည်။
ထိုချေးငွေစာချုပ်ကို Goldsteinနှင့် မြန်မာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ငွေတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်နွယ်နွယ်ဝင်းတို့ လက်မှတ်ေ ရးထိုးကြသည်။
ထိုချေးငွေကို ကမ္ဘာ့ဘဏ်၏ ဝင်ငွေနည်းနိုင်ငံများဆိုင်ရာ ရန်ပုံငွေအဖွဲ့ဖြစ် သည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအသင်း- IDA က ထုတ်ပေးမည်ဖြစ်ပြီး ၃၈ နှစ်ကြာကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
Credit: Irrawaddy