စားသောက်ကုန်အပါအဝင် ကုန်စည်အများစု အောက်တိုဘာ၌ အကောက်ခွန်နှုန်း တိုးကောက်မည်

စားသောက်ကုန်အပါအဝင် ကုန်စည်အများစု အောက်တိုဘာ၌ အကောက်ခွန်နှုန်း တိုးကောက်မည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2017 10:10 am တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစကာ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်သောကြောင့် ကုန်ပစ္စည်း အမျိုးအစား အများစုကို အကောက်ခွန်နှုန်းများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

အချို့ကုန်စည်များ အပေါ်တွင် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သတ်မှတ်ချက်နှင့် မကိုက်ညီခြင်းအပြင် နှစ်ရာခိုင်နှုန်းသာ ကောက်ခံနေသည့်အတွက် အခွန်နှုန်းထားများ အလွန်နည်းပါးသောကြောင့် အကောက်ခွန်နှုန်း ၂၀၁၇ ကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပြောကြားသည်။

ပြည်ပနိုင်ငံများက တင်သွင်းသည့် အသင့်သောက်သုံးနိုင်သည့် ကော်ဖီကို ယခင် အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ တွင် တင်သွင်းသည့် ပမာဏအပေါ်၌ စည်းကြပ်တန်ဖိုး (Custom Duty) ၁၅ ရာခိုင်နှုန်း ကောက်ခံသော်လည်း ယခု ပြောင်းလဲကောက်ခံမည့် အကောက်ခွန်နှုန်း၂၀၁၇ တွင် ၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း ယခင်က ဝ ဒသမ ၅ ရာခိုင်နှုန်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“နှစ်ရာခိုင်နှုန်းပဲကောက်တဲ့ ကုန်စည်တွေလည်းရှိတော့ အလွန်နည်းနေတဲ့ အကောက်ခွန်နှုန်းတွေလည်းရှိပြီး ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်တဲ့သူတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက်လည်း အကောက်ခွန်နှုန်းတွေကို တိုးမြှင့်ရခြင်း ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက ပြောကြားသည်။

ထို့အတူ ပြည်ပမှ တင်သွင်းသည့် အသီးအနှံများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၃၀ ရာခိုင်နှုန်း၊ ပန်းများကိုလည်း ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးဆားကို ယခင် ၁၀ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်း၊ သစ်လုံးများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု သုညရာခိုင်နှုန်း၊ ပရိ ဘောဂများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်း၊ လေအေးပေးစက် (Aircon) များကို ယခင် ၁ ရာခိုင်နှုန်း၊ ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းနှင့် လက်ဖက်များကို ယခင် ၁၅ ရာခိုင်နှုန်းမှ ယခု ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

အခွန်နှုန်းများနေပါက ကုမ္ပဏီများအနေနှင့် ပြည်တွင်း၌ လာထုတ်ကြစေလိုကြောင်း၊ သို့မှသာ ပြည်တွင်း ထုတ်လုပ်မှု တက်လာပြီး အကျိုးသက်ရောက်မှုရှိမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက ပြောဆိုသည်။

“ပြည်တွင်းမှာက အသင့်ကော်ဖီ မထုတ်နိုင်တဲ့အတွက် အခွန်တိုး ကောက်လိုက်တော့ သွင်းတဲ့သူတွေက ဈေးတိုး ရောင်းမှာပေါ့။ ပြည်သူတွေပဲ ဈေးကြီးပေး ဝယ်ရမယ်။ အခွန်နဲ့တားလို့မရဘူး။ ကိုယ့်ဆီမှာမှ မထုတ်နိုင်တာ။ အခွန်တိုးကောက်တာက အဖြေမဟုတ်ဘူး။ သွင်းကုန် အစားထိုး လုပ်ငန်းကို စဉ်းစားရမယ်။ ပြည်တွင်းမှာ ကော်ဖီအသစ်တွေကို ပိုသောက်အောင် စဉ်းစားရမယ်”ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က သုံးသပ် ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service