ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုကို တညင်းကုန်းဘူတာမှ ပုရွက် ဆိတ်ကုန်းလမ်းပိုင်း (အပိုင်း-၁) မှစ၍ ဆောင်ရွက်မည်ဖြစ်ပြီး လေးလ အ တွင်း အပြီးလုပ်ဆောင်မည်ဟု မြန်မာ့မီးရထားမှ သိရသည်။
“မြို့ပတ်အဆင့်မြှင့်တင်မှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာကျရင် ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို စတင်ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ နှစ်ပိုင်းခွဲထားပါတယ်။ ရန်ကုန်မြို့ပတ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဆိုပြီး ခွဲထားပါတယ်။ အပိုင်း (၁)၊ (၂) ထပ်ခွဲပါတယ်။ အပိုင်း (၁) က တ ညင်းကုန်းနဲ့ ပုရွက်ဆိပ်ကုန်းလမ်းပိုင်း ဖြစ်ပါတယ်။ လေးလအတွင်း အပိုင်း (၁) ကို အပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ အပိုင်း (၂) က ပုရွက်ဆိတ်ကုန်း ကနေ ပုဇွန်တောင်ဘူတာအထိ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ် အရှေ့ခြမ်းနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ စတင်ဆောင်ရွက်မှာ ဖြစ်ပြီးေ တာ့ ၂၀၁၈ ခုနှစ် မေလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ အရှေ့ခြမ်းပြီးရင် မိုးတွင်း ကာလမှာ နားပါတယ်။ နားပြီးရင် ရန်ကုန်မြို့ပတ် အနောက်ခြမ်း ၂၀၁၉ ခုနှ စ် မေလအထိ ရှစ်လအပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အနောက်ခြမ်း ကိုလည်း အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ အင်းစိန်နဲ့ ကြည့်မြင်တိုင်၊ တညင်း ကုန်းနဲ့ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့ ဘုရားလမ်းဆိုပြီး အပိုင်းသုံးပိုင်း ခွဲခြားထား ပါတယ်” မြန်မာ့မီးရထား၊ တိုင်း (၇) ရန်ကုန်မှ မန်နေဂျာဦးဇော်လွင်က ပြော ကားသည်။
အဆိုပါ ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်မှုအတွက် တင်ဒါလျှောက် ထားသည့် ကုမ္ပဏီများတွင် အပိုင်း၊ အခြမ်း တစ်ခုအတွက် ကုမ္ပဏီ ၁၀ ခုစီခန့် လာရောက်လျှောက်ထားကြောင်း၊ ယင်းထဲမှ သတ်မှတ်ချက်၊ စံချိန် စံညွှန်းနှင့် ကိုက်ညီသည့် ကုမ္ပဏီများကို ရွေးချယ်နေကြောင်း သိရသည်။ တင်ဒါရွေးချယ်မှုတွင် ဂျပန်ပညာရှင် အဖွဲ့ကလည်း အကူအညီ ပေးနေေ ကြာင်း သိရသည်။
“ရထားလမ်း အဆင့်မြှင့်တင်မှု ပြီးစီးသွားရင်တော့ အချက်ပြ လုပ်ငန်းတွေ ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကတော့ JICA နဲ့ပါ။ လက်ရှိ ကတော့ ရန်ကုန်ဘူတာကြီးနဲ့ ပတ်သက်ပြီး အချက်ပြစနစ်တွေကို ပြုပြင်ေ ဆာင်ရွက် နေပါတယ်။ လက်ရှိက ရန်ကုန်ဘူတာကြီးမှာ ပွိုင့်ပေါင်း ၈၁ ပွိုင့် လဲရမှာဖြစ်တယ်။ အဲဒါကို JICA နဲ့ပေါင်းပြီးတော့ ပြင်နေတာ ၄၂ ပွိုင့် ပြီး သွားပါပြီ။ တစ်ဝက်ကျော်ကျော် ပြီးသွားပါပြီ။၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ပြီးစီး မယ်လို့ မှန်းတယ်” ဟု မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။
လက်ရှိ မြို့ပတ်ရထား အသုံးပြုသူ ၈၀၀၀၀ ကျော်သာရှိပြီး ပရောဂျက်ပြီး စီးပါက ခရီးသည်သုံးဆ၊ နှစ်သိန်းခွဲ၊ သုံးသိန်းခန့် တင်ဆောင်နိုင်မည့်အပြင် ရထားပြေးဆွဲသည့် မိုင်နှုန်းသည် တစ်နာရီ ၃၀ ကီလိုမီတာ (မိုင် ၂၀ေ အာက်) မှ ကီလိုမီတာ ၆၀ ခန့်အထိ တိုးမြှင့်ပြေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် ရန်ကုန်မြို့တစ်ပတ် (လက်ဝဲရစ်၊ လက်ယာရစ်တစ်ပတ်) လျှင် ၂ နာရီ ၅၀ မိနစ်ကြာမြင့်ရာမှ ၁ နာရီ ၅၀ မိနစ်သာ ကြာမြင့်မည်ဖြစ်ေ ကြာင်း မြန်မာ့မီးရထားမှ သိရသည်။
Credit: Eleven Media Group