အသုံးမပြုသည့် စီမံကိန်းသိမ်းဆည်းမြေများ မူလတောင်သူများထံ အမြန်ပြန်ပေးနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မကွေးတိုင်းဝန်ကြီးချုပ် တင်ပြ

အသုံးမပြုသည့် စီမံကိန်းသိမ်းဆည်းမြေများ မူလတောင်သူများထံ အမြန်ပြန်ပေးနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မကွေးတိုင်းဝန်ကြီးချုပ် တင်ပြ - Property News in Myanmar from iMyanmarHouse.com
24 Aug 2017 9:55 am တွင် တင်ခဲ့သည်
919 ကြိမ် ကြည့်ရှု့ပြီး
စီမံကိန်းများအတွက် သိမ်းဆည်းခဲ့ပြီး အသုံးမပြုသည့် လယ်ယာမြေများအား မူလ တောင်သူများထံ အမြန်ဆုံးပြန် လည်ပေးအပ်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေး ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာအောင်မိုး ညိုက ပြောသည်။

မကွေး၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ ၀န်ကြီးချုပ် နှင့်ဝန်ကြီးများ အ ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က Online တွင် သြဂုတ် ၂၃ ရက်က တိုက် ရိုက်တွေ့ဆုံဆွေးနွေးရာ၌ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက တင်ပြေ ဆွးနွေးခဲ့သည်။

ထို့အပြင် မကွေးတိုင်းဝန် ကြီးချုပ်က ဒေါ်အောင်ဆန်းစု ကြည်အား မန်းရေ နံမြေနှင့် ထောက်ရှာပင်အတွင်းရှိ အလားအလာကောင်းသည့် ရေနံထွက်ရှိ မည့် စမ်းသပ်မှုကိစ္စ၊ ရေနံလက် ယက်တွင်းမှ ပြန်လည်ရရှိသည့် ရန်ပုံငွေကျပ် သန်း ၃,၇၂၀ ကို မကွေးတိုင်းဖွံ့ဖြိုးရေးအတွက် ခွဲ ဝေသုံးစွဲမည့်ကိစ္စ၊ အသေး စား ဓာတ်ဆီဆိုင်များဖွင့်ခွင့်ပေးရန် ကိစ္စနှင့် ချင်းပြည်နယ် ကန်ပက် လက်မြို့ နှင့် မကွေးတိုင်းစေ တုတ္တရာမြို့နယ်စပ်ရှိ အလားအ လာကောင်း သည့် သတ္တုကြော အား စိစစ်ရေးကိစ္စတို့ကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောကြား သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က လုပ်ခဲ့သောဝါ ကြိတ်စက်ရုံကို ၀န်ကြီးချုပ်ကဥပ မာပေးသည်။

‘‘စက်ရုံလည်း မလည်ဘူး။ ဂိုဒေါင်တွေလည်း ဟောင်းလောင်း။ ဒါတွေနဲ့ပတ် သက်ပြီး သိမ်းခံရတဲ့လယ်သမားတွေပြန်လိုချင်တယ်ဆိုလို့ရှိရင် ၀န်ကြီးဌာန အကြောင်းကြား၊ ၀န်ကြီးဌာနက ဒါတွေကို စစ်ဆေး၊ ပြီးတော့ နိုင်ငံတော်ကို
ပြန်စွန့် လွှတ်ပါတယ်လို့ လုပ်။ နိုင်ငံတော် ကနေပြီးတော့ သက်ဆိုင်ရာခရိုင် အုပ်ချုပ်ရေးမှူးတွေဆီ လွှဲ၊ ခရိုင် အုပ်ချုပ်ရေးမှူးကမှတစ်ဆင့် ပိုင်ရှင်တွေ ဆီပြန်သွား တစ်ဆင့်ပြီး တစ်ဆင့်သွားနေရတာ အရမ်း ကြာတယ်’’ ဟု ဒေါက် တာအောင် မိုးညိုက ဆိုသည်။

မကွေးတိုင်းတွင် မကွေး၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ မင်းဘူး၊ သရက်မြို့နယ်တို့၌ ၀ါကြိတ် စက်ရုံများရှိပြီး စက်ရုံများသည် စီမံကိန်း မအောင်မြင်ဘဲ အသုံးချ မှုလုံးဝမရှိကြောင်း ၀န်ကြီးချုပ် က ဆိုသည်။

ထို့ကြောင့် သိမ်းဆည်းခံ ထားရသည့် တောင်သူလယ်သမားတို့၏ လူမှုစီး ပွားဘ၀တို့ကို ငဲ့ညှာ၍ ၂၀၁၂ လယ်ယာမြေဥပဒေနှင့်အညီ အမြန်ဆုံး ပြန် လည် ပေးအပ်နိုင်ရေး တင်ပြခဲ့ကြောင်း ၎င်းကပြောသည်။

‘‘စီမံကိန်းလည်း အကောင် အထည်မပေါ်ဘူး။ စီမံကိန်းအ ကောင်အထည်မေ ပ်ါရင် ပြန်ကို ပေးရမယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။

မကွေးမြို့ ပညာရေး ကောလိပ်တွင် ဧကတစ်ရာ သိမ်း ဆည်းထားပြီး ဧကငါး ဆယ်သာ အကောင်အထည်ဖော်ကြောင်း၊ ကျန်သည့်ဧကငါးဆယ်မှ ပထမ တန်းစား ယာမြေများကို အ ကောင်အထည် မဖော်ကြောင်း ၀န်ကြီးချုပ် က ပြောသည်။ ‘‘အ ကောင်အထည်မဖော်တဲ့ ဧက ငါးဆယ်ကျော်ကို လည်း ပြည်ထောင်စုဝန်ကြီးက စွန့်လွှတ်ပါ တယ်လို့ပြောထားတာ။ ဒါပေမဲ့ လည်း အဲဒီစာ အခုထိကျမလာ သေးဘူး’’ ဟု ဒေါက်တာအောင်မိုးညို က ပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက် ၍ လုပ်ငန်းများမြန်ဆန်မှုရှိလာစေရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးခဲ့ရာ ဒေါ်ေ အာင် ဆန်းစုကြည်က သဘောတူ ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service