ကာဇက်ခ်စတန်နိုင်ငံမှဗိသုကာပညာရှင်တစ်ဖွဲ့ကပေပေါင်း၁၀၀၀ရှည်
သည့်နှင်းလျှောစီးလမ်းကြီးကို အထပ်မြင့်တိုက်တန်းကြီးပေါ်တွင်တည်ဆောက်သွားရန် စိတ်ကူးနေကြသည်။
ခွင့်ပြုချက်သာရရှိသွားပါက အက်စ်တာနာမြို့ရှိထိုအဆောက်အအုံသည် ခေါင်မိုးပေါ်တွင်နှင်းလျှောစီးလမ်းပါသည့်
ကမ္ဘာ့ပထမဦးဆုံးအဆောက်အအုံဖြစ်လာမည် ဖြစ်သည်။
ယင်းမြို့သည်ဆောင်းတွင်းဘက်တွင် အရိုးကွဲမတတ်အေးသော်လည်းနှင်းလျှောစီးခြင်းကိုစိတ်ဝင်စားလှသူများအတွက် နှင်းလျှောစီးရန်နေရာမရှိပေ။
ထိုမြို့နှင့်အနီးဆုံးနှင်းလျှောစီးနေရာသည်ကားဖြင့်လေးနာရီမောင်းရသည့်နေရာတွင်တည်ရှိသည်။ထို့ကြောင့်နှင်းလျှောစီးကို အလွန်တရာစိတ်ပါဝင်စားသည့် ဗိသုကာပညာရှင်က၂၁ထပ်အဆောက်အအုံတွင်နှင်းလျှောစီးလမ်း
ကိုထည့်သွင်းရေးဆွဲခြင်းဖြစ်သည်။
နှင်းလျှောစီးလမ်းတုကြီးသည်ခေါင်မိုးထက်တွင်ဂငယ်ကွေ့ကွေ့သွားမည်ဖြစ်သည်။နှင်းလျှောလမ်းတွင် ဒေသခံများတစ်နှစ်ပတ်လုံးနှင်းလျှောစီးနိုင်စေရန်အလို့ငှာ နှင်းတုများဖြင့်လုပ်သွားမည်ဟု ၎င်းကဆိုသည်။
ထိုစီမံကိန်းသည် လက်တွေ့မဖြစ်လာနိုင်သည့်ပုံပေါက်နေသော်လည်း မိမိနှင့်စိတ်ဝင်တစားလာရောက်ဆွေးနွေး
သူများရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
Credit: Pyi Myanmar