ပြည်တွင်းခရီးသွားလုပ်ငန်းများကို ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တစ်နှစ် သက်တမ်း ယာယီအသိအမှတ်ပြုလိုင်စင် ထုတ်ပေးတော့မည်ဖြစ်ကြောင်းပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှု
အသင်းမှ သိရသည်။
''လိုင်စင်ရတော့မှာပါ။ ကုမ္ပဏီထောင် ထားတာမဟုတ်ဘဲနဲ့ယာယီအားဖြင့် လိုင်စင် တစ်ခုအနေနဲ့ဟိုတယ်ခရီးကနေ ထုတ်ပေးဖို့ စီစဉ်နေတယ်။ သိပ်မကြာတော့ဘူး။ ဒီလ ကုန် နောက်လလောက်ဖြစ်မယ်'' ဟု အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးသန်းဌေးက မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
လက်ရှိတည်ဆဲဥပဒေအရ ပြည်တွင်းရှိခရီးသွားလုပ်ငန်းများကို ကုမ္ပဏီထူထောင်မှ သာ လုပ်ငန်းလိုင်စင်ချပေးခြင်းဖြစ်ပြီး ခရီး သွားလုပ်ငန်းငယ်လေးများအနေဖြင့် ကုမ္ပဏီ ထူထောင်ရန်မှာ အရင်းအနှီးပိုင်းဆိုင်ရာအခက်အခဲရှိနေခြင်းကြောင့်ဖြစ်သည်။ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းဥပဒေအရ ခရီးသွားလုပ်ငန်းများသည် လုပ်ငန်း လိုင်စင်ရှိမှသာ ချေးငွေရယူနိုင်မည်ဖြစ်သည်။ လက်ရှိ ပြင်ဆင်ရေးဆွဲနေသည့် မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေသစ်မှာ မူ ကြမ်းအဆင့်သာရှိ၍ နည်းဥပဒေထွက်ရှိလာ မှသာ ပြည်တွင်းခရီးသွားလုပ်ငန်းများအနေ ဖြင့် အတည်တကျ လိုင်စင်ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ပြည်တွင်းခရီးသွားလုပ်ငန်းများကို ဝန် ကြီးဌာနက ယာယီအသိအမှတ်ပြုလက်မှတ် များထုတ်ပေးခြင်းဖြင့် နိုင်ငံတော်မှ အခွန် အခများ ရရှိနိုင်မည်ဖြစ်ပြီး အွန်လိုင်းအသုံး ပြု၍ ခရီးစဉ်လိမ်လည်ရောင်းချသည့် ဖြစ် စဉ်များလည်း ပပျောက်သွားနိုင်မည်ဖြစ် ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
''ယာယီလိုင်စင်သက်တမ်းက တစ်နှစ် ပေါ့။ ဒါပေမဲ့ ဒါက အတည်ဖြစ်ရင်လည်းဖြစ် သွားမယ်၊ ပြောလို့တော့မရဘူး။ ယာယီလက် မှတ်လေးတွေ ထုတ်ပေးလိုက်ရင် ပြည်တွင်း ခရီးသွားလုပ်ငန်းလေးတွေက စည်းကမ်းတကျ လေးဖြစ်သွားမယ်။ နိုင်ငံတော်ကအခွန်အခ တွေရမယ်။ အွန်လိုင်းတို့၊ ဖေ့စ်ဘွတ်ခ်တို့၊ သတင်းစာတို့မှာ ကြော်ငြာပြီး လိမ်တဲ့သူတွေ လုပ်လို့မရတော့ဘူး'' ဟု ဦးသန်းဌေးက ဆက် လက်ပြောဆိုသည်။
တစ်နှစ်သက်တမ်း ယာယီအသိအမှတ်ပြုလိုင်စင် လျှောက်ထားမည့်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန် ဆောင်မှုအသင်း၏ထောက်ခံချက် ရယူရန်လို အပ်ပြီး ငွေကြေးအရင်းအနှီးနှင့် ကျွမ်းကျင်လုပ် သားများလည်း ရှိရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းခရီးစဉ်များသို့ သွားလာလည်ပတ်သူများ၊ ဘုရားဖူးသွားသူများ မှာ တစ်နှစ်လျှင်ပျမ်းမျှခုနစ်သန်းခန့်ရှိပြီး ရန် ကုန်မြို့တွင် ပြည်တွင်းဘုရားဖူးခရီးသွားလုပ် ငန်း ဝန်ဆောင်မှုပေးနေသူ ၆ဝဝ ခန့်ရှိ ကြောင်း တစ်နိုင်ငံလုံးအနေဖြင့် ၈ဝဝ ခန့်ရှိကြောင်း သိရသည်။
Credit: Myanmar Times