အရှေ့တောင်အာရှ နိုင်ငံတွေ (အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ)
နဲ့ အိန္ဒိယတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို
ပိုမိုတိုးမြှင့်သွားနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ
လုပ်ဆောင်နေလျက်ရှိကြောင်း အိန္ဒိယ ကုန်သွယ်ရေးနဲ့
စက်မှုဝန်ကြီး Nirmala Sitharaman ကပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာ ကုန်သွယ်မှု ဆက်ဆံရေးပိုင်းကို ပိုမိုတိုးမြှင့်သွားနိုင်ဖို့
အတွက် မဏိပူရ် ပြည်နယ် အစိုးရနဲ့ ဗဟိုအစိုးရတို့ အတူတကွ
လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း Sitharaman က
Imphal လေဆိပ်မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ မြန်မာအပါအ၀င် အရှေ့တောင်အာရှ
နိုင်ငံတွေနဲ့အကြား ကုန်သွယ်မှုပိုင်း ပိုမိုတိုးမြင့်သွားနိုင်ဖို့အတွက်
သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့လက်တွဲပြီး ကြိုးပမ်းနေလျက်ရှိကြောင်း ၎င်းက ပြောသွားပါသေးတယ်။
တစ်ချိန်တည်းမှာပဲ အင်ဒို-မြန်မာ နယ်စပ်မြို့ မိုရာမှာလည်း
နယ်စပ် လဟာပြင်ဈေးတွေ ထူထောင်ဖွင့်လှစ်သွားနိုင်ဖို့
အားထုတ်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အိန္ဒိယပြည်ထောင်စုဝန်ကြီးက
ထပ်လောင်းပြောကြားပါတယ်။
အိန္ဒိယ၀န်ကြီးဟာဆိုရင် ပါတီ အစီအစဉ်တစ်ခုမှာတက်ရောက်ဖို့
အတွက် ပြည်နယ်မှာ ရောက်ရှိနေလျက်ရှိပါတယ်။
Credit: SFJ Strategy First