တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးသော ကုန်သွယ်ရောင်းဝယ်မှု
ကုမ္ပဏီ Posco Daewoo က လာမယ့် စက်တင်ဘာလ ၁ ရက်က
မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဟိုတယ်တစ်လုံး ဖွင့်လှစ်လုပ်ကိုင်
သွားတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
အဆိုပါ တောင်ကိုရီးယားကုမ္ပဏီဟာဆိုရင် ဒေသတွင်းမှာ နှစ်ပေါင်း
များစွာကြာ လုပ်ကိုင်နေလျက်ရှိပြီး ကောင်းမွန်တဲ့ လုပ်ငန်းတွင်း
စွမ်းဆောင်မှုတွေကိုလည်း ပြသထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရန်ကုန်မှာ
ယခုဖွင့်လှစ်မယ့် ဟိုတယ်ဟာလည်း လုပ်ငန်းရဲ့ အောင်မြင်မှု
အသီးအပွင့်တစ်ခုဖြစ်ကြောင်း Posco Daewoo ရဲ့ စီအီးအို
Kim Young Sang က ပြောကြားသွားပါတယ်။
ရန်ကုန်မြို့မှာ တည်ရှိတဲ့ Posco Daewoo ရဲ့ ကြယ်ငါးပွင့်အဆင့်ရှိ
ဟိုတယ်ဟာဆိုရင် မြေနေရာအကျယ် စတုရန်းမီတာ ၁၀၄,၁၂၃ မှာ
တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အဆိုပါ တောင်ကိုရီးယားကုမ္ပဏီကို နှစ် ၇၀
သက်တမ်းရှိ အဆိုပါ မြေနေရာကို အသုံးပြုခွင့် မြန်မာအစိုးရက
ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယခုလို မြန်မာနိုင်ငံမှာ ဟိုတယ်ဖွင့်လှစ်လုပ်ကိုင်မှုနဲ့အတူ Posco Daewoo
ဟာဆိုရင် ဗီယက်နမ်၊ တရုတ်နဲ့ ဘူလ်ဂေးရီးယားတို့မှာလည်း
ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေလျက်
ရှိပါတယ်။
Posco Daewoo ဟာဆိုရင် တောင်ကိုရီးယား သံမဏိထုတ်
လုပ်ငန်းကြီး Posco ရဲ့ လုပ်ငန်းခွဲကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
Credit: SFJ Strategy First