ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ

ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
22 Aug 2017 10:45 am တွင် တင်ခဲ့သည်
1437 ကြိမ် ကြည့်ရှု့ပြီး
ဂျေးဇက်နှင့် ဘီယွန်းစေးတို့ မည်သည့်နေရာတွင် နေအိမ် ဝယ်ယူလိမ့်မည် နည်းဟူသည့် အချက်နှင့် စပ်လျဉ်းပြီး ကောလာဟလများ၊ ငြင်းခုံမှုများစွာ ထွက်ပေါ်လျက်ရှိသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ယခုအခါတွင်မူ အဆိုပါ ကောလ ဟာလများ ၊ အငြင်းအခုံများ အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ဂျေးဇက်တို့ ဝယ်ယူလိုက်သည့်နေရာမှာ အများခန့်မှန်းထားသည့်အတိုင်းေ လာ့စ်အိန်ဂျလိမြို့အနောက်ပိုင်းရှိ နာမည်ကျော် ဘဲလ်အဲရ်အရပ်တွင် ဖြစ် သည်။ယခုအရောင်းအဝယ်ကို ထဲထဲဝင်ဝင် သိရှိသည့် သတင်းရင်းမြစ်တစ်ခု ကလည်း ဂျေးဇက်တို့သည် ဘဲလ်အဲရ်ရှိခေတ်ပေါ်ဒီဇိုင်းနေအိမ်ကြီးကို ဝယ်ယူ လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသော်လည်း အမည်နာမ ထုတ်ဖော် ရန်မူ ငြင်းဆိုခဲ့သည်။

အရောင်းအဝယ်ကို တရားဝင်ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း အရောင်းအ ဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ကန်ဒေါ်လာသန်း ၉၀ ဖြင့် ဖြစ်သည်ဟု ဆိုသည်။
နေအိမ်အဆောက်အအုံကြီးမှာ အလွန်ကြီးမားကျယ်ပြန့်လှပြီး နေအိမ် တစ် လုံးအသွင်ထက် သိပ္ပံစမ်းသပ်ခန်းစခန်းကြီးတစ်ခုအသွင် ပေါ်နေသည်။

ကြမ်းခင်းဧရိယာစတုရန်းပေ ၃၀၀၀၀ အထိ ကျယ်ဝန်းပြီး လသာဆောင်နေ ရာများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက ကြမ်းခင်းဧရိယာ အကျယ်အ ဝန်း ၁၀၀၀၀ ခန့် ပိုမိုလာဦးမည် ဖြစ်သည်။ နေအိမ်ကြီးအတွင်း ကျန်းမာေ ရးလေ့ကျင့်ခန်းမ၊ မီဒီယာခန်းမနှင့် ရေကူးကန် ၄ ခု ပါဝင်သည်။

နေအိမ်၏ အထူးခြားဆုံးအချက်မှာ မှန်တံခါးများနှင့် ပြတင်းပေါက်များ အား လုံးကို ကျည်ကာမှန်များ တပ်ဆင်ထားခြင်း ဖြစ်သည်။ ၂ ဧကခန့် ကျယ်ဝန်း သည့် ခြံဝန်းအတွင်း ဘတ်စ်ကက်ဘောကစားကွင်းအပြင် ဝန်ထမ်းနေအိမ်ေ ဆာင်တို့လည်း ပါဝင်သည်။

ယာဉ်ရပ်နားရန်အတွက် ကားအစင်းရေ ၁၅ စင်းဆန့် ဂိုဒေါင်တစ်လုံးနှင့် ဝန်ထမ်းများ၏ ယာဉ်များရပ်နားရန် နေရာတို့ ပါဝင်သည်။ နေအိမ်ကို စ တင်ဆောက်လုပ်ခဲ့သူမှာ အိုင်ယာလန်ဘီလျံနာ၊ အိမ်ခြံမြေလုပ်ငန်းရှင် ပက်ဒီ မက်ခ်ကီလန်၏ သားဖြစ်သူ ဒင်းမက်ခ်ကီလန်က လွန်ခဲ့သော ၄ နှစ်ကေ ဆာက်လုပ်ခဲ့ခြင်း ဖြစ်သည်။ဤနေအိမ်ကို ဈေးကွက်တင်စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃၅ သန်းဖြစ်သည်ဟု ဆိုသည်။

အကယ်၍ ယခုအရောင်းအဝယ်ကို တရားဝင် မှတ်တမ်းတင်မည်ဆိုပါက ယခုနှစ်အတွင်း လော့စ်အိန်ဂျလိတွင် ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင် မည် ဖြစ်သည်။ ဂျေးဇက်၏ အမည်ရင်းမှာ ရှောင်ကာတာဖြစ်ပြီး ဟစ်ပ်ဟော့ ဂီတလောကတွင် ထိပ်သီးဖြစ်သည်ဟု သတ်မှတ်ထားကြကာ ဂရမ်မီဆု ၂၀ ကျော် ရရှိထားသည်။ ဇနီးဖြစ်သူ ဘီယွန်းစေးမှာလည်း ဂရမ်မီဆု ၂၂ ကြိမ် ရရှိထားပြီး ကမ္ဘာပေါ်တွင် အရောင်းရဆုံး တေးသံရှင်များတွင် တစ်ဦးအ ပါအဝင်ဖြစ်သည်။

သူမ၏ မကြာမီက ထုတ်လုပ်ခဲ့သော တေးအယ်လ်ဘမ် Lemonade မှာ တစ် ကမ္ဘာလုံးတွင် ချပ်ရေ ၂ ဒသမ ၅ သန်း ရောင်းချခဲ့ရပြီး ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံတွင် အသက် ၅ နှစ်အရွယ် ဘလူးအိုင်ဗီ အမည်ရှိ သမီးငယ်တစ် ဦး၊ မကြာသေးမီက မွေးဖွားခဲ့သော ရူမီနှင့် ဆာအမွှာနှစ်ဦး ထွန်းကားထား သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ဂျေးဇက်နှင့် ဘီယွန်းစေးတို့၏ စုစုေ ပါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသအ ၁၆ ဘီလီယံဖြစ်သည်ဟု ခန့်မှန်း ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဂျေးဇက်နှင့် ဘီယွန်းစေး ဇနီးမောင်နှံ လော့စ်အိန်ဂျလိတွင် ကျည်ကာမှန်များတပ်ဆင်ထားသည့် နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၉၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service