သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(ခ)ကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် ရာနှုန်ြး ပည့် ပြီးစီးရန် ရည်ရွယ်ထားကြောင်း မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးရေးလီမိ တက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)သည် အောင်မြင်မှု ရရှိ ပြီး ရင်းနှီြး မှုပ်နှံသူများအကြား အထူးစိတ်ဝင်စားသောကြောင့် အပိုင်း(ခ)ကိုလည်းေ အာင်မြင်မှု ရရှိ စေရန် အမြန်ဆုံးအကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန်အကောင် အထည်ဖော်မှုကော်မတီမှ သိရသည်။
အပိုင်း(ခ)ကို ၂၀၁၆ နှစ် လယ်က စတင်အကောင်အ ထည်ဖော်နေပြီးေ ဆွးနွေးညှိနှိုင်း မှုအချို့ လုပ်ဆောင်နေသော ကြောင့် ၂၀၁၈ နှစ်လယ်ပိုင်း တွင် ပြီးစီးရန် လျာထားကြောင်း မြန် မာ-ဂျပန်သီလ၀ါဖွံ့ဖြိုးရေးလီမိ တက်မှ တာဝန်ရှိသူက ပြောကြားသည်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု များအတွက် သီလ၀ါအထူးစီးပွားရေးဇုန်၌ မြေနေ ရာများ အငှား ချထားရာတွင် မြေငှားရမ်းခအဖြစ် တစ်မီတာပတ်လည် အ ကျယ်အ ၀န်းကို ကန်ဒေါ်လာ ၈၀ သတ် မှတ်ကောက်ခံသော်လည်း ဘ ဏ္ဍာ ရေးနှစ်အလိုက် ဈေးနှုန်းအ ပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။
ယခုအကောင်အထည်ဖော်နေသည့် အပိုင်း(ခ)တွင် ၁၀၁ ဟက်တာဧရိယာ ကျယ်ဝန်းပြီး ဧက ၂၅၀ ကျော်ရှိကာ လက်ရှိ၌ အခြေခံအဆောက်အအုံ တည်ဆောက်မှုများ စတင်နေပြီဖြစ် သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံလို သူများ ၀င်ရောက်လိုပါက ၂၀၁၇ နှစ်လယ်ပိုင်းတွင် အပိုင်း(ခ)မှ မြေနေရာများ ငှား ရမ်းနိုင်ရန်စီစဉ်နေကြောင်း သိရသည်။
လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၁၇ နိုင်ငံမှ ကုမ္ပဏီ ၈၇ ခုက၀င်ေ ရာက် ရင်း နှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် စာ ချုပ်ချုပ်ဆိုထားသည်။
ယင်းမှ ကုမ္ပဏီ ၈၄ ခုသည် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရရှိ ထားပြီဖြစ်ကာ လက်ရှိအပိုင်း (က)တွင် စီးပွားဖြစ်လည်ပတ်နေ သော စက်ရုံ ၃၂ ခုရှိသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအ ထူးစီးပွားရေးဇုန်ဖြစ်သည့် သီလ ၀ါအထူးစီးပွားေ ရးဇုန်ကို ပြီးခဲ့ သည့် ၂၀၁၅ စက်တင်ဘာတွင် စီးပွားဖြစ်လုပ်ငန်းများ လည် ပတ် ပြီး စုစုပေါင်းမြေအကျယ်အ၀န်း ၂,၄၀၀ ဟက်တာပေါ်၌ တည်ဆော က်ရေး လုပ်ငန်းများကို ဇုန်များခွဲကာ အပိုင်းလိုက် လုပ်ကိုင် နေသည်။
Credit: 7DayDaily