အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB) က ဇူလိုင်လ အတွင်းမှာ ဝန်ထမ်းတွေကို ထုတ်ချေးခဲ့ တဲ့ အတိုးနှုန်း ရာနှုန်းပြည့် လာ ဆပ်ကြတာ ကြောင့် ယခု ဩဂုတ်လ ဒုတိယအပတ်မှ စပြီး ထပ်မံ ထုတ်ေ ချးရာမှာ ကျပ် ခြောက်ဘီလျံကျော် ထုတ်ချေးပြီးဖြစ်တယ်လို့ သိရပါတယ်။
SMIDB ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်သူ ဦးဇေယျာညွန့်က ‘ပြီးခဲ့တဲ့ လက ချေးထားတဲ့ ဝန်ထမ်းတွေလာဆပ်ကြတယ်၊ အဲဒါ ကြောင့် အခုထပ် ပြီးထုတ် ချေးတာ ခြောက်ဘီလျံကျော်နေပါပြီ” လို့ ပြောပါတယ်။
SMIDB က ဇူလိုင်လအတွင်း အစိုးရဝန် ထမ်း ၂၀,ဝ၀ဝ ကျော်ကို ကျပ် ၁၀ ဘီလျံ ကျော် ထုတ်ချေးခဲ့ ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်ပေး ချေခဲ့တာေ ကြာင့် ယခုလ (ဩဂုတ်) ဒုတိယအပတ်ထဲမှာ ပြန်လည်ထုတ်ချေးပေးခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ချေးယူထားတဲ့ ဝန်ထမ်းတွေဟာ တစ်ရက်ကနေ ငါးရက် အ တွင်းကို အတိုး နှုန်းနဲ့ ပြန်ဆပ်ရမယ့် သတ်မှတ်ပမာဏအတိုင်း ပြန်လည်
ပေးဆပ်မှုရှိတာ ကြောင့် ယခုလမှာ ဒုတိယအကြိမ်အနေနဲ့ ထုတ်ချေးသွား တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဇူလိုင်လကစပြီး အသေးစား၊ အလတ်စားနှင့် စက်မှုဖွံ့ဖြိုးရေးဘဏ် (SMIDB) က အစိုးရဝန်ထမ်း ၂၀,ဝ၀ဝ ကျော်ကို ထုတ်ချေးခဲ့တာ ဖြစ်ပါ တယ်။ ချေးယူလိုသူရဲ့ လစာသုံးဆထုတ်ချေး ခဲ့တာ ဖြစ်ပါ တယ်။ ပြန်လည်
ပေးဆပ်တဲ့ အခါမှာ ချေး ယူမှုပမာဏရဲ့ ၈.၅ ရာခိုင်နှုန်းခန့်ပဲ လစဉ်ပေးေ ချရမှာ ဖြစ်ပါတယ်။အတိုးနှုန်းအနေနဲ့ကတစ်ကျပ်နှုန်းပဲကျသင့်မှာဖြစ်ပြီး ချေးယူထားတဲ့ ငွေပမာဏနဲ့ အတိုးနှုန်းကို တစ်နှစ်အတွင်းဘဏ်ကို ပြန်လည် ပေးေ ချရမှာ ဖြစ်ပါတယ်။
အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB)အနေနဲ့ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်တဲ့ ဝန်ကြီးဌာနရုံးများမှ အဆင့်ဆင့် တာဝန် ထမ်းဆောင်နေ တဲ့ အစိုးရဝန်ထမ်းများအားလုံးနဲ့ တပ်မတော်ဘက်မှ တာဝန်ထမ်းဆောင်နေ တဲ့ တပ်မ တော်က ဝန်ထမ်းတွေအားလုံးကို ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။
ဦးဇေယျာညွန့်က “လိုသလောက်ချေးပေးသွားမှာဖြစ်ပါတယ်၊ ဒါပေမဲ့ လစဉ် လတိုင်းတော့ ပထမအပတ်နဲ့ နောက်ဆုံးအပတ်ကိုတော့ အတိုးနှုန်းတွက်တဲ့ လုပ်ငန်းများဆောင်ရွက်ရတာ ကြောင့် ကြားထဲက နှစ်ပတ်မှာ ထုတ်ချေးပေး သွားမှာ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။
အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB)ဟာ မြန်မာ တစ်နိုင်ငံလုံးမှာ ဘဏ်ပေါင်း ၁၉ ဘဏ် ရှိပါတယ်။
Credit: The Kumudra