ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း အကျပိုင်းတွင်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်း နိုင် ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် သြဂုတ် ၂ ရက်တွင် ၉၂ ဒသမ ၄၇ ပွိုင့်အထိ ကျ ဆင်းခဲ့ပြီး ဇူလိုင် ၂၁ ရက်မှစတင်ကာ ၉၄ ပွိုင့်အောက်ရောက်ခဲ့ခြင်း ဖြစ် သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော် လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့် အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့် အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက် အထိ ရောက်ရှိခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်အထိ ကျဆင်းခဲ့ကာ သြဂုတ် ၄ ရက်တွင် ၉၃ ပွိုင့်အထက်၊ သြဂုတ် ၁၆ ရက် တွင် ၉၄ ပွိုင့်အထိ ပြန်ရောက်ခဲ့သော် လည်း သြဂုတ် ၁၇ ရက်မွန်းလွဲပိုင်းတွင် ၉၃ ဒသမ ၃၉ ပွိုင့်ဝန်းကျင်အ ထိ ပြန်လည် ကျဆင်းခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိ သာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ပြည်တွင်းဈေးကွက်၌ အမြင့် ဆုံး ဒေါ်လာဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဒေါ်လာဈေးသည် ၁၃၅၇ ကျပ်ဖြစ်သည်။ ထို့နောက် ဇွန်လအတွင်း ဖြစ်ပေါ်သော အမြင့်ဆုံး နိုင်ငံခြားေ ငွလဲနှုန်းမှာ တစ်ဒေါ်လာ ၁၃၆၁ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဖြစ်ကာ ဇူလိုင်လအတွင်း အမြင့်ဆုံးနိုင်ငံခြား ငွေ လဲနှုန်းမှာ ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းမှာ ၁၃၅၅ ကျပ် ဖြစ်သည်။
ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်း တွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၁၃၅၆ ကျပ်အထိ ကျဆင်းခဲ့ပြီးနောက် သြဂုတ် ၂ ရက်မှ ၁၀ ရက်အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁၁ ရက် တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ကမ္ဘာ့ဒေါ်လာေ ဈး အညွှန်းကိန်း အနည်းငယ်ပြန်တက်လာမှုနှင့်အတူ သြဂုတ် ၁၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ၁၃၅၈ ကျပ်အထိ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ၁၃၅၇ ကျပ် ၀န်းကျင်ဖြစ်ပေါ်ခဲ့သည်။
Credit: Eleven Media Group