စတော့စာရင်းဝင်ကုမ္ပဏီများ ဝင်ငွေခွန် ၂ဝ ရာခိုင်နှုန်း သာ ပေးဆောင်ရမည်

စတော့စာရင်းဝင်ကုမ္ပဏီများ ဝင်ငွေခွန် ၂ဝ ရာခိုင်နှုန်း သာ ပေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
21 Aug 2017 11:00 am တွင် တင်ခဲ့သည်
894 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ ဝင်ငွေခွန် ၂ဝ ရာခိုင်နှုန်းသာ ကျသင့်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသည် စတော့ဈေးကွက် ဖွံ့ဖြိုးလာရန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအရေအတွက် များပြားလာရန် လိုအပ်ချက်ရှိနေသည်။ သို့အတွက် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ များလာစေရန် ပြည်ထောင်စု၏ အ ခွန်အကောက်ဥပဒေပါ အခွင့်အရေးအရ စာရင်းဝင်ကုမ္ပဏီများကို အခွန် ငါးရာခိုင်နှုန်း သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ကုမ္ပဏီလုပ်ငန်းများ၏ ဝင်ငွေ ခွန်ကို ၂၅ ရာခိုင်နှုန်းကျသင့်စေရန် ပြဋ္ဌာန်းထားသည်။ သို့ရာတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်ပါက အခွန် ၂ဝ ရာခိုင်နှုန်းသာ ကျသင့်ပေးဆောင်ရန် ခွင့်ပြု လိုက်ခြင်းဖြစ်သည်။ ထို့ပြင် စာရင်းဝင် ကုမ္ပဏီများသည် ဝင်ငွေခွန်ပေးေ ဆာင်ရန် ကျန်ရှိနေသည့် အခွန်များအတွက် အမှန် ဝင်ငွေကို ဖော်ပြ၍ ပေးေ ဆာင်လိုက်ခြင်းဖြင့် ဒဏ်တပ်ခြင်း နှင့် ဥပဒေအရအရေးယူခြင်းများကို ကင်း လွတ်ခွင့်လည်း ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''အဓိကအချက်ကတော့ စာရင်းဝင်ကုမ္ပဏီအရေအတွက် များလာဖို့ အခွန် သက်သာခွင့်ပေးပြီး ဆွဲဆောင်တဲ့သဘော ဖြစ်ပါတယ်။ ဒီပမာဏက ဒေသ တွင်းနိုင်ငံတွေရဲ့ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေကို သက်သာခွင့်ပြု ထားတဲ့ ပမာဏနဲ့ ယှဉ်ရင်တော့ နည်းနည်းများနေတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံ ရဲ့ အနေအထားအရ ဒီနှုန်းထားဖြစ်သင့်တယ်လို့ ဝန်ကြီးဌာနက ဆုံးဖြတ် လိုက်တာလည်း ဖြစ်နိုင်တယ်''ဟု ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဋ္ဌေးချွန်က ပြောသည်။

ဒေသတွင်းနိုင်ငံများတွင်မူ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများကို ဝင်ေ ငွခွန် ငါးရာခိုင်နှုန်းသာကျသင့်စေရန် ခွင့်ပြုပေးထားသည်ဟုလည်း ဦးဋ္ဌေးချွန်က ပြောသည်။

မြန်မာနိုင်ငံသည် စတော့ဈေးကွက် ဖွံ့ဖြိုးလာရေးအတွက် စာရင်းဝင်ကုမ္ပဏီ အရေအတွက် များလာရန် အဓိကလိုအပ်ချက်ဖြစ်နေသည်ဟု အရင်းအနှီးေ ဈးကွက်ကျွမ်းကျင်သူ ဒေါက်တာအောင်သူရက ပြောထားသည်။

စာရင်းဝင်ကုမ္ပဏီအရေအတွက် များလာပါက ပြည်တွင်း၌ ငွေကြေးအ ရင်းအနှီးဈေးကွက်တွင် ပါဝင်လိုသူများအတွက် အခွင့်အလမ်းများလာနိုင်မည် ဟု ၄င်းက ပြောသည်။ ထို့ပြင် စာရင်းဝင်ကုမ္ပဏီများသည် ဝင်ငွေရရှိမှုအခြေ အနေများကို အများပြည်သူသို့ တရားဝင်ချပြရသဖြင့် နိုင်ငံတော်၏အခွန်ရရှိမှု ပိုမိုများပြားလာမည် ဖြစ်သည်ဟုလည်း ပြောသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများမှာ ပထမ မြန်မာရ င်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMIှု ၊ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘ လစ်လီမိတက် MTSH ၊ မြန်မာနိုင်ငံသားများဘဏ် MCB Bank နှင့် ပထမ ပုဂ္ဂလိကဘဏ် MFB Bank တို့ဖြစ်သည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service