ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင်ပတ်လည်အတွင်းရှိ ကျူးများကို နေအိမ်တိုက်ခန်းပေးမည်

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင်ပတ်လည်အတွင်းရှိ ကျူးများကို နေအိမ်တိုက်ခန်းပေးမည် - Property News in Myanmar from iMyanmarHouse.com
21 Aug 2017 10:07 am တွင် တင်ခဲ့သည်
1440 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင် ပတ်လည် အနီးပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းသည် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN-Habitat တို့၏ ဆင်းရဲ နွမ်းပါးမှုကျရောက်နေသော နိုင်ငံသားများကို ကူညီပံ့ပိုးရန် ဦးတည်ချက်ဖြင့် ပူးပေါင်းဆောက်လုပ်နေသော စီမံကိန်းဖြစ်ပြီး ယခင်အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးယုခိုင်က News Watch သို့ ပြောသည်။

စီမံကိန်းတည်ဆောက်မည့် ရိုးမအိမ်ရာ အနီးဝန်းကျင်၊ ၁ မိုင်ပတ်လည်အတွင်း နေထိုင်လျက်ရှိသည့် နေအိမ်မဲ့ ကျူးကျော်များစာရင်းကို UN-Habitat မှ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ကောက်ယူ ထားကာ စီမံကိန်းပြီးစီးသည့်အခါ နေအိမ် တိုက်ခန်းပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ လက်ရှိအချိန် တွင် ရိုးမအိမ်ရာစီမံကိန်းအမှတ် (၁)ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၆၈ တွင် ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၃ လုံး၊ အိပ်ခန်းပေါင်း ၆၀ ကို ဆောက်လုပ်နေပြီးစီမံကိန်းပြီးစီး ပါက ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးယုခိုင်က ပြောသည်။

ထို့ပြင် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ရိုးမအိမ်ရာစီမံကိန်း အမှတ်(၁)မှ ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၆ လုံး၊ အိပ်ခန်းပေါင်း ၁၂၀ ခန်း ဆောက်လုပ်ပြီးစီးသည့်အတွက် လွှဲပြောင်း ခြင်းအခမ်းအနားကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ JICA မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခန်းလွှဲပြောင်းလက်ခံမည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများတွင် ကျူးကျော်များကို နေရာချထားပေးပြီးဖြစ်သော်လည်း မည်သည့်ပုံစံဖြင့် လွှဲအပ်ပေးသည်ကို အသေးစိတ်မသိရသေးကြောင်း ဦးယုခိုင်က ပြောသည်။ ''အခု အဲဒီအခန်း ၁၂၀ မှာ နေထိုင်နေကြပြီ။ အဲဒီအခန်းတွေက ပြည်ထောင်စုအစိုးရနဲ့ UN-Habitat နဲ့ တိုက်ရိုက်လုပ်တာဆိုတော့ သူတို့ကို အငှားချတဲ့ပုံစံနဲ့လား၊ အလကားနေထိုင်ခွင့်ပြုတာလား၊ ပိုင်ဆိုင်မှုကို ဘယ်လိုပုံစံပေးချပေးတာလဲဆိုတာ အသေးစိတ်မသိရသေးဘူး''ဟု ဦးယုခိုင်က ပြောသည်။ သို့သော် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောင်ရွက်နေသော စီမံကိန်းနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆောင်ရွက်ရန် နေပြည်တော်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ညွှန်ကြားလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုဝင်လုပ်ဖို့ စီစဉ်နေကြတယ်။ ရက်ပိုင်းအတွင်း UN-Habitat က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်'' ဟု ဦးယုခိုင်က ပြောသည်။

ထို့အပြင် အဆိုပါကျူးကျော်များ နေရာချထားပေးမည့် အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် ကျူးကျော်စာရင်းကောက်ခံနေသည့် အစီအစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service