သူတို့အတွက် ကြိုက်နှစ်သက်ဖွယ်ရှိသော မူဝါဒများနှင့်
တိုးတက်လာသောအလုပ်အကိုင်ပတ်ဝန်းကျင်တို့ကြောင့် တရုတ်ပြည်မကြီးသည်ကမ္ဘာ့ပညာရှင်များအား ပိုမိုဆွဲဆောင်နိုင်လာသည်။
ထိုင်ဝမ်မီဒီယာများတွင် ဖော်ပြချက်အရ နိုင်ငံခြားသားများသည် ပေကျင်း၊ ရှန်ဟိုင်း၊ကွမ်ကျိုးနှင့် ရှင်းကျန်းတို့ကဲ့သို့သော မြို့ပြကြီးများတွင်သာ နေထိုင်အလုပ်လုပ်ရန်ရွေးချယ်လာကြသည်မဟုတ်တော့ဘဲ ယင်းထက်သေးငယ်သော ပထမတန်းစားမြို့ပြများတွင်လည်း နေထိုင်အလုပ်လုပ်ရန် ထိပ်တန်းနေရာများအဖြစ် ရွေးချယ်လာကြ
ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားများသည် သမားရိုးကျပထမတန်းစားမြို့ပြများနှင့် ယှဉ်လျှင် အရှေ့
တရုတ်ရှိ နင်ဘို၊ ဟန်ကျိုးနှင့် နန်ကျင်းတို့ကဲ့သို့သော မြို့ပြများတွင် ပိုမိုနေထိုင်လိုကြသည်။ ပြီးခဲ့သည့်နှစ်က ပြည်မကြီးရှိ မြို့များအားလုံးတွင် ဟန်ကျိုးက နိုင်ငံခြားသားအများဆုံး ဆွဲဆောင်ခဲ့သည်။ ယမန်နှစ်၌ ပြည်မကြီးရှိ မြို့များအားလုံး၏နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ခဲ့မှုစုစုပေါင်းတွင် ဟန်ကျိုး၏ဆွဲဆောင်နိုင်ခဲ့မှုက၈ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။
"အပြည်ပြည်ဆိုင်ရာအဆင့်ဖြစ်မှု မြင့်မာ့မှု" နှင့် "နိုင်ငံခြားသားများအတွက်
ပတ်ဝန်းကျင် လိုက်လျောညီထွေဖြစ်မှု မြင့်မားမှု" တို့က နိုင်ငံခြားသားများ အလုပ်လုပ်ချင်သောနေရာကို ရွေးချယ်ရာတွင် စဉ်းစားကြသော အဓိကအချက်နှစ်ချက်ဖြစ်ကြောင်း ကမ္ဘာ့အလုပ်အကိုင်လူမှုမီဒီယာ LinkedIn က ထုတ်ပြန်ခဲ့သည်။
အင်တာဗျူးဖြေကြားခဲ့သည့် နိုင်ငံခြားသားများ၏ ၂၈ ရာခိုင်နှုန်းက ယဉ်ကျေးမှု
ပေါင်းစုံသော ပတ်ဝန်းကျင်ဖြစ်မှုသည် သူတို့၏ အဓိကအရေးကြီးဆုံး စဉ်းစား
သည့်အချက် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တရုတ်သို့ နိုင်ငံခြားသား ၃ သန်းကျော်
လာရောက်အလုပ်လုပ်ကိုင်နေထိုင်ခဲ့ကြောင်း၊ ယင်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၀
ပြည့်နှစ်အထိ ပမာဏထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း
တရုတ်နိုင်ငံခြားသားရေးရာစီမံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို ၁၀ နှစ်တာကာလအတွင်း နိုင်ငံခြားသား ၇ သောင်းခန့်အား အမြဲတမ်း
နေထိုင်ခွင့် ထုတ်ပေးခဲ့သည်။
ယမန်နှစ်ကမူ ၁,၅၇၆ ဦးကို အမြဲထမ်းနေထိုင်ခွင့်ပြုခဲ့ပြီး ၎င်းအရေအတွက်သည်
၂၀၁၅ ခုနှစ်၏ နှစ်ဆရှိကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com