ကမ္ဘာ့ရွှေဈေးဆက်လက် မြင့်တက်လာ၍ ပြည်တွင်းရွှေဈေးကွက်တွင် အေ ခါက်ရွှေတစ်ကျပ် သားလျှင် ကျပ်ကိုးသိန်းကျော် ပေါက်ဈေးရှိသော်လည်း ပြည် တွင်းဈေးကွက်သည် အရောင်းအ ၀ယ်ပါးကြောင်း မြန်မာနိုင်ငံရွှေ လုပ်ငန်း ရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။
ပြည်တွင်း ရွှေဈေးသည် သြဂုတ် ၁၆ ရက်တွင် အခေါက် ရွှေတစ်ကျပ်သား လျှင် ကျပ် ၉၀၉,၀၀၀ ပေါက်ဈေးရှိသည်။
ထို့နောက် သြဂုတ် ၁၈ ရက် ညနေတွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၂၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး သြဂုတ် ၂၀ ရက် ညနေတွင် ကျပ် ၉၁၇,၀၀၀ သို့ အနည်းငယ်ပြန်လည်ကျဆင်း ခဲ့သည်။
ပြည်တွင်းရွှေဈေး မြင့်တက်လာသော်လည်း ရွှေအရောင်းအ၀ယ် နည်းပါးေ နကြောင်း ဦး ကျော်မြင့်က ပြောသည်။
‘‘ရွှေထွက်နည်းတာရော၊ ကမ္ဘာ့ရွှေဈေးတက်တာရော ပါ တယ်။ ရွှေကဈေး သာ တက်နေ တာ ၀ယ်မယ့်သူ မရှိဖြစ်နေတယ်’’ဟု ၎င်းက ဆက်လက် ပြော ကြားသည်။
‘‘နိုင်ငံခြားရွှေဈေးက ရုတ် တရက်မြင့်တာလာလို့ ပြည်တွင်း ရွှေဈေးမြင့်တက် လာတာပါ။ ည နေပိုင်း ကမ္ဘာ့ရွှေဈေးပြန်ကျလာ လို့ ဈေးနည်းနည်းပြန်ကျလာ ပါ တယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်ြး မင့်က ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁ ရက်က တစ်အောင်စလျှင်ကန်ဒေါ်လာ ၁,၂၆၆ ရှိပြီး သြဂုတ်၁၈ ရက်ညနေတွင် ၁,၂၉၅ ဒေါ် လာအထိ မြင့်တက်လာခဲ့ သည်။
လက်ရှိ ပြည်တွင်းရွှေဈေး သည် အမြင့်ဆုံးဖြစ်နေပြီး ရုတ် တရက် ဈေးမြင့် တက်မှုများ ကြောင့် အရောင်းအ၀ယ်လုပ်ငန်း များ အခက်အခဲဖြစ်ရကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။
လက်ရှိတွင် ရွှေဈေးအမြင့် ဈေးဖြစ်နေသော်လည်း အ၀ယ် နည်းပါးခြင်းသည် စီးပွားရေးနှင့် အခွန်ကောက်ခံမှုတို့၏ သက် ရောက်မှုကြောင့်ဖြစ်ကြောင်း ဦးကျော်မြင့်က ဆိုသည်။
ပြည်တွင်း ရွှေဈေးသည် ဇူလိုင် ၂၁ ရက်ကစတင်ပြီး ကျပ် ၉၀၀,၀၀၀ ကျော် သို့ စတင်မြင့် တက်လာသည်။
Credit: 7DayDaily